Main menu

Background

ပြည်တွင်းငွေလဲနှုန်းအတိုင်း ပြည်တွင်းရွှေဈေးကွက် လိုက်ပါစီးမြောနေ

Wed, 10/19/2016 - 10:21 -- journal_editor

       ယခင်တစ်ပတ်က ပြည်တွင်းငွေလဲနှုန်း ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ရာ တစ်ပတ်အတွင်း ကျပ်သုံးသောင်းကျော်ကျဆင်းခဲ့သည်။ ယခုတစ်ပတ်အစပိုင်းတွင် ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းခဲ့မှုကြောင့် ပြည် တွင်းရွှေဈေးသည် ရက်သတ္တတစ်ပတ်အစပိုင်းတွင် ကျပ် ၈၄၈၅၀ဝ သို့ကျဆင်းခဲ့သော်လည်း ရက်သတ္တတစ်ပတ်ကုန်ဆုံးသည့်ရက်တွင်မူ ကျပ် ၈၅၈၀ဝ၀ သို့ ပြန်လည်မြင့်တက်လာခဲ့သည်။ အခုရက်ပိုင်း မှာပြည်တွင်းရွှေဈေးက ပြန်မြင့်တက်လာတယ်။ ဟိုအရင်တုန်းကဆိုရင် ပြည်တွင်းရွှေဈေးကျလာရင် ငွေလဲနှုန်းက မြင့်လာတယ်။ ပြည်တွင်းရွှေဈေး မြင့်တက်လာရင် ငွေလဲနှုန်းကကျလာတယ်။ ပြည်တွင်းရွှေဈေးနဲ့ ငွေလဲနှုန်း က ပြောင်းပြန်အချိုးကျနေတာ။ ဒါပေမယ့် အခု ဒီနှစ်ထဲမှာရွှေဈေးနဲ့ ငွေလဲနှုန်းက တိုက် ရိုက်အချိုးကျနေတဲ့အတွက် ဈေးကွက်ထဲမှာ ဘာကိုမှ  မှန်းဆလို့မရဘူးဖြစ် နေတယ်။ အခုလည်းငွေလဲနှုန်းမြင့်တက်လာတဲ့အတွက် ပြည် တွင်းရွှေဈေးက ပြန် ပြီးမြင့်တက်လာတယ်။ ငွေလဲနှုန်းအတိုင်း လိုက်ပြီး စီးမြောတဲ့သဘောဖြစ်နေပြီဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။ပြည်တွင်းရွှေဈေးကွက်တွင် အောက်တိုဘာ ၁၀ ရက်က ကျပ် ၈၅၇၀ဝ၀ ရှိခဲ့ပြီး အောက် တိုဘာ ၁၂ ရက်တွင် ကျပ် ၈၄၈၅၀ဝ သို့ကျဆင်းခဲ့သည်။ သို့သော် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လည်မြင့်တက်ခဲ့ကာ ကျပ် ၈၅၈၀ဝ၀ သို့  ေ ရာက် ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၁၀ ရက်တွင် ၁၂၆၃ ဒေါ်လာ ရှိခဲ့ရာ မှ အောက်တိုဘာ ၁၂ ရက်တွင် ၁၂၅၆ ဒေါ်လာ၊ အောက်တိုဘာ ၁၄ ရက်တွင် ၁၂၅၉ ဒေါ်လာသို့ ကျဆင်းခဲ့သည်။

 

မယ်သီတာ