မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်(SEZ) များသည် စက်မှုကုန်ချော ထုတ်လုပ်မှုလုပ်ငန်းများ အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး အင်သစ်အားသစ်များဖြင့်ဖြည့် ဆည်းထားသည့် တိုင်းပြည် စီးပွားရေး မဟာဗျူဟာ တွင်လည်းအလွန်အရေးကြီးပါသည်။ တိုးတက် မှုမရှိဘဲ ရပ်တန့်နေသော အထူးစီးပွားရေးဇုန်(SEZ)များကို ပြန်လည်အသက်ဝင်လာစေခြင်းနှင့် အားသွန်ခွန်စိုက် ဆောင်ရွက်ခြင်းသည် မြန်မာ အစိုးရ ၏ ဦးစားပေး အရေးကြီးအစီအစဉ်များဖြစ် လာပါသည်။ အထူးစီးပွားရေးဇုန်များ(SEZs)သည် နည်းပညာလွှဲပြောင်းရယူခြင်း၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေး ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ ကိုဆွဲဆောင် နိုင်ကြောင်း မြန်မာအစိုးရ၏ စီးပွားရေး အကြံပေးMr. Sean Turnell က Asia Focus သို့ ပြောကြား ပါသည်။
မြန်မာနိုင်ငံ၏ အနာဂတ်စက်မှုကဏ္ဍတိုး တက်ရေးအတွက် အထူးစီးပွားရေးဇုန်များ (SEZs) အား အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပုံစံ တကျနှင့် ဆွဲဆောင်မှုအမျိုးမျိုးကို ပံ့ပိုးဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် အထူး စီးပွားရေးဇုန်များ(SEZs)နှင့် ပြည်တွင်းစက်မှုလုပ် ငန်းများကိုချိတ်ဆက်ပေးနိုင်ခြင်းအားဖြင့် စက်မှု ကဏ္ဍ၏ ကုန်ထုတ်လုပ်မှုကို တိုးတက်လာရန် မျှော် မှန်းနိုင်ကြောင်း၊ လျှပ်စစ်စွမ်းအား၊ ရေနှင့် လုံလောက် သော သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးပေးခြင်း၌ စိန်ခေါ်မှုများစွာရှိနေပြီး လက်ရှိအချိန်တွင် ကုန် ထုတ်လုပ်မှုအညွှန်းကိန်း ကျဆင်းနေသည့် ကုန် ချောထုတ်လုပ်မှုကဏ္ဍအား အရှိန်အဟုန်ဖြင့် ပြန် လည်မြှင့်တင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ၊ စက်မှုဝန်ကြီးဌာနမှအ မြဲတမ်းအတွင်းဝန် ဦးကိုကို လွင်က ပြောကြားခဲ့ပါ သည်။
ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ အကောင်အထည် ဖော်လျက်ရှိသည့် ရန်ကုန်မြို့တောင်ပိုင်းဒေသရှိ သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာအစိုးရ၏ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် စံနမူနာပြ စီးပွားရေးဇုန်တစ်ခုဖြစ်ကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန်သည် ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့သည့်စီမံကိန်းများအနက် အောင်မြင်မှုအရှိဆုံး စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ အခြားစီးပွားရေးဇုန်နှစ်ခုဖြစ်သော ထိုင်းနိုင်ငံနှင့် အလွန်နီးကပ်ပြီး မြန်မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာနိုင်ငံ၏အနောက်ပိုင်းရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူး စီးပွားရေးဇုန်တို့သည် တိုးတက်မှုရပ်တန့်နေပြီး အစိုးရ၏ အတည်ပြုချက်များရရှိရေးကို စောင့် ဆိုင်းနေသည့်စီမံကိန်းများဖြစ်ကြောင်းဖော်ပြထား ပါသည်။
သီလဝါအထူးစီးပွားရေးဇုန်ကို ရည်မှန်း ထားသည့်အတိုင်း အောင်မြင်အောင် အကောင် အထည်ဖော်နိုင်မည်ဖြစ်သော်လည်း အခြားအထူး စီးပွားရေးဇုန်နှစ်ခုဖြစ်သော ထားဝယ်နှင့် ကျောက်ဖြူတို့၏ အောင်မြင်မှုများ သည် သီလဝါ အထူးစီးပွားရေးဇုန်နှင့် မတူညီနိုင်ကြောင်း၊ သို့ သော် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက် ၍ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအစိုးရတာဝန်ရှိပုဂ္ဂိုလ် များ၏ မကြာခင်လများအတွင်းက တွေ့ဆုံဆွေး နွေးမှုသည် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်လာစေရန် မျှော်လင့်ချက်များစွာတွေ့ မြင်ရလာကြောင်း၊ ယခုနှစ် အစောပိုင်းကာလ အတွင်း နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုသည် ထားဝယ်အထူး စီးပွားရေး ဇုန်ကို ပြန်လည်စတင်ရန်နှင့် အရှိန်မြှင့်တင်ဆောင် ရွက်ရန်အတွက် မြန်မာအစိုးရ၏အဆင့်မြင့်ကော် မတီတစ်ခုကိုဖွဲ့စည်းရန် တွန်းအားပေးနိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။ထိုင်းနိုင်ငံ အခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီ(East-West Economic Corridor - EWEC)အနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်အပေါ် စိတ်ဝင်စားမှုရှိသည်ကို နှစ်ဖက်အစိုးရ အဆင့်မြင့် ကိုယ်စားလှယ်များတွေ့ဆုံမှု မတိုင်ခင်ကတည်းက ထုတ်ဖော်ပြော ဆို ခဲ့ကြောင်း၊ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်ဖော်ဆောင်ခြင်း၊ ထားဝယ်နှင့် ထိုင်းနိုင်ငံ ဘက်ခြမ်းရှိကမ်ချနဘူရီကို ချိတ်ဆက်ဖောက်လုပ် မည့်ခေတ်မီရထားလမ်းနှင့် မော်တော်ကားလမ်း တည်ဆောက်ရေးစသည့် စီမံကိန်းများ ပါဝင်ပါ သည်။ ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေးကွန်ရက် မြှင့်တင်ခြင်းလုပ် ငန်းများသည် အခြားသောနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။
ထားဝယ်အထူးစီးပွားရေးဇုန်မှ ရရှိမည့် အကျိုးကျေးဇူးသည် ထိုင်းနိုင်ငံအတွက်သာမက အခြားနိုင်ငံများလည်း ရရှိခံစားနိုင်မည်ဖြစ်ပါ သည်။ မော်တော်ကားလမ်းနှင့် ရထားလမ်းများ သည် မဟာမဲခေါင်ဒေသခွဲ ရှိအမျိုး မျိုးေ သာစီးပွား ရေးစြင်္ကံများ အချင်းချင်းကွန်ရက်ချိတ်ဆက်မှု၏ အဓိကကျသည့်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်အကြားထိ ရောက်မြန်ဆန်သည့်ဆက်သွယ်ရေးကိုဖန်တီးနိုင် ပါ သည်။ ထို့နောက် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်ကို ချိတ်ဆက်မည့် အရှေ့-အနောက် စီးပွားရေးစြင်္ကံBelt and Road programme ကိုလည်း ထောက်ပံ့ပေးမည့်စီမံကိန်း တစ်ခုဖြစ်ပါသည်။ ထို့အပြင် တရုတ်အစိုးရက ကမ ကထဆောင်ရွက်လျက်ရှိသညelt and Road programme ၏ မဟာဗျူဟာနှင့်လည်း ကိုက်ညီမှု ရှိသည့်စီမံကိန်းတစ်ခုဖြစ်ပါသည်။ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံရှိ မော်လမြိုင်မှတစ်ဆင့် ကပ္ပလီ ပင်လယ်သို့ချိတ်ဆက် မည့် ပင်လယ်လမ်းကြောင်း အတွက် ထိုင်းနိုင်ငံမှ ချိတ်ဆက်မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ဥရောပတိုက်အထိ ဆက်သွယ် ရေးလမ်းကြောင်းများဖြင့် ချိတ်ဆက်ရန် ရည်မှန်း ထားရာလန်ဒန်မြို့သို့ ပို့ဆောင်ပေးသည့် ကုန်ပို့ ရထားလမ်း ဝန်ဆောင်မှုကို စတင်ခဲ့ပြီးဖြစ်ပါ သည်။ တရုတ်နိုင်ငံ ကူမင်းမြို့ကိုဖြတ်သန်းဖောက် လုပ်မည့် မော်တော်ကားလမ်းနှင့် ရထားလမ်းများ သည် မဲခေါင်ဒေသအတွင်းရှိ နိုင်ငံများကိုလည်း အကျိုးရှိစေ မည်ဖြစ် ပါသည်။ အာဆီယံနိုင်ငံများ အနေဖြင့် ဗဟိုဥရောပဒေသသို့ အလွယ်တကူချိတ် ဆက်နိုင်ပြီး ဆက်သွယ်ရေး ကုန်ကျစရိတ်နှင့် အချိန်ကိုလျှော့ချပေးမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ မှ ကုန်စည်များကို ဗဟိုဥရောပနှင့် အရှေ့အလယ် ပိုင်းဒေသသို့ ပို့ဆောင်ရေးအတွက် အဆိုပါလမ်း ပိုင်းကို အသုံးပြုမည်ဆိုပါက ပင်လယ်ရေကြောင်း ကိုအသုံးပြုခြင်းထက် ပိုမိုအဆင်ပြေ၍ ၁၀ ရက်မှ ၁၅ ရက်အတွင်း ရောက်ရှိနိုင်ကြောင်း ထိုင်းနိုင်ငံ၊ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးအဖွဲ့ အစည်း၏ ညွှန်ကြားရေးမှူးSuwit Tatanachinda က ပြောကြားပါသည်။မြန်မာနို င်ငံ ၏ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ထိုင်းနှင့် တရုတ်ကုန်ထုတ်လုပ်သူ များအတွက် အိန္ဒိယဈေးကွက်နှင့် အရှေ့အလယ် ပိုင်းဒေသဈေးကွက်များသို့ ထိုးဖောက်နိုင်ရုံ သာမကဥရောပဈေးကွက်အထိအလျင်အမြန်ချိတ် ဆက်ပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် ဒေသတစ် ခုလုံးအတွက် အကျိုးကျေးဇူးကြီးမားစွာရှိသည့် အချက်သည် ထားဝယ်စီမံကိန်းကို စတင် အကောင်အထည်ဖော်ရန် အဓိကအရေးပါသည့် အချက်ဖြစ်ပြီး ၁၃၈ ကီလိုမီတာ ရှည်လျားသည့် ထားဝယ်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံ၊ ကမ်ချနဘူရီရှိ ဘမ်ပူနမ်ကို ချိတ်ဆက်မည့်မော်တော်ကားလမ်း ကို မကြာမီအချိန်တွင် စတင်ဖောက်လုပ်နိုင်ရန် မျှော်မှန်းထားပါသည်။
မြန်မာအစိုးရသည် အဆိုပါမော်တော်ကား လမ်းကို တည်ဆောက်ရန်အတွက် ထိုင်းဘတ် ၄ ဒသမ ၅ ဘီလီယံကို ထိုင်းနိုင်ငံမှချေးငွေရယူရန် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သဘောတူညီခဲ့ ပါသည်။ ချေးငွေအတိုးနှုန်းမှာ သုည ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး ပထမ ၁၀ နှစ်ကင်းလွတ်ခွင့်ရရှိ၍ နှစ်ပေါင်း ၂၀ အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ် ပါသည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီအပြင် အခြားပါဝင်သည့် ကုမ္ပဏီများမှာ Rojana Industrial Park Co,Ltd.နှငLNG Plus International Co,Ltd တို့ဖြစ်ကြပါ သည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ခုနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရက သဘောတူလက် မှတ်ရေးထိုးခဲ့ရာ သက်တမ်းအားဖြင့် ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်လာပြီဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အဖွဲ့နှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့သည် နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး နောက် နှစ်နှစ်အကြာတွင် မြန်မာအစိုးရသည် အီတာလျံ-ထိုင်းကုမ္ပဏီကို နှစ် ၆၀ လုပ်ပိုင်ခွင့်ပေးခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် စစ်အစိုးရ အာဏာရရှိလာသည့် နောက်ပိုင်းတွင်အီတာလျံ-ထိုင်းကုမ္ပဏီသည်ရင်း နှီးမြှုပ်နှံသူများကို မဆွဲဆောင်နိုင်ခြင်း သို့မဟုတ် ငွေကြေးအရင်းအနှီး မလုံလောက်မှုဖြင့် ကြုံတွေ့ ခဲ့ပါသည်။ ထို့ကြောင့် နှစ်နိုင်ငံအစိုးရသည် ထားဝယ်စီမံကိန်းအတွက် လုပ်ငန်းအဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် စီမံကိန်းအတွက် သဘောတူညီချက်များ ပြန်လည်လက်မှတ်ရေး ထိုးခြင်းမပြုမီ အီတာလျံ-ထိုင်းကုမ္ပဏီသည် ဘဏ္ဍာရေး အခက်အခဲကြောင့် ၂၀၁၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် မူလသဘောတူညီချက်မှ နုတ်ထွက်သွားခဲ့ပါသည်။
တရုတ်နှင့် ဂျပန်တို့သည် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းကို ကျောထောက်နောက်ခံ ပေးခဲ့ကြရာ စုစုပေါင်း ကုန်ကျစရိတ်အမေရိကန် ဒေါ်လာ နှစ်ဘီလီယံခန့်ရှိမည့် စီမံကိန်း ပထမ အဆင့်အတွက် လိုအပ်သောငွေကြေးကို ယင်း နိုင်ငံများမှရရှိနိုင်ပြီး တရုတ်နိုင်ငံသည်ဆိပ်ကမ်း တည်ဆောက်ရေးကို စိတ်အားထက်သန်မှုရှိပါ သည်။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်သည် ယခုနှစ်ဆန်းပိုင်းတွင် ဂျပန် နိုင်ငံသို့ သွားရောက်လည်ပတ်သည့်ခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ် သက်၍ နှစ်ဖက်ဆွေးနွေးမှုများရှိခဲ့ရာ ဂျပန်အစိုးရ အနေဖြင့် ပံ့ပိုးကူညီမှုများပေးနေမည်ဟု ကတိပြု ပြောကြားခဲ့သော်လည်း တိတိကျကျထုတ်ပြန်ခဲ့ ခြင်း မရှိကြောင်းသိရှိရပါသည်။ အဆိုပါဆွေးနွေးမှု နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိခဲ့ သော်လည်း ဂျပန်နိုင်ငံသည် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်းကို အလွန်စိတ်ဝင်စားမှုရှိကြောင်း သိရှိရပါသည်။ ၂၀၁၅ ခုနှစ် နှစ်လယ်တွင် ဂျပန်နိုင်ငံ တွင်ကျင်းပခဲ့သည့် ဂျပန်-အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံတို့ သည် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အတွက် နားလည်မှုစာချွန်လွှာကို ပြန်လည် လက် မှတ်ရေးထိုးခဲ့ကြပြီး ဂျပန်နိုင်ငံလည်း ပါဝင်လာ ပါသည်။ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီတွင် အစုရှယ်ယာကို သုံးနိုင်ငံမှ အချိုးကျထည့်ဝင်ရန် သဘောတူညီခဲ့ကြပါသည်။
ထိုင်းနိုင်ငံအစိုးရသည် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းကို စိတ်ဝင်စားမှုရှိသည့် နည်းတူ မြန်မာနိုင်ငံအစိုးရသည်လည်း ၂၀၁၆ နှစ်ကုန်ပိုင်းမှစတင်၍ စီမံကိန်းအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ဆွဲဆောင်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို စတင်ဆောင်ရွက်ရေးကို တွန်းအားပေး ဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။
ထားဝယ်အထူးစီးပွားရေးဇုန်၏ ပထမ အဆင့်စီမံကိန်းတွင် ထိုင်းနိုင်ငံ၊ ကမ်ချနဘူရီနှင့် စီးပွားရေးဇုန်ကို ချိတ်ဆက်ပေးသည့် နှစ်လမ်းသွား မော်တော်ကားလမ်း ဖောက်လုပ်ခြင်းနှင့် ရေ လှောင်ကန်၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ LNGစက်ရုံတို့ပါဝင်သည့် မြို့ပြစီမံကိန်းတစ်ခု ဖော် ဆောင်ခြင်းတို့ပါဝင်ပါသည်။ ထို့နောက်စီးပွားရေး ဇုန်၏ဥပဒေအကြံပေးအဖွဲ့သည် မြေငှားရမ်းခြင်း နှင့်လိုအပ်သော နှစ်ဖက်ညှိနှိုင်းခြင်းများကိုဆောင် ရွက်လျက်ရှိပါသည်။ ဒေသခံပြည်သူလူထု၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်များပါဝင်သည့် ပြန်လည်နေရာချ ထားရေးနှင့် လျော်ကြေးငွေပေးရေးကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါသည်။
ဒေသတွင်းနိုင်ငံများအနေဖြင့် အချင်းချင်းချိတ်ဆက်မှုတိုးတက်လာရန် ဆန္ဒရှိနေကြပြီး မြန်မာနိုင်ငံ၏အနောက်ဘက်ကမ်းရိုးတန်းတစ် လျှောက်၌ ရေနက်ဆိပ်ကမ်းများတည်ဆောက်ရန် အလွန်စိတ်ဝင်စားလျက်ရှိပါသည်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်နှင့်ကျောက်ဖြူအစရှိသည့် ဆိပ်ကမ်းများ၏အကျိုးကျေးဇူးများစွာကိုပိုမိုခံစား ရမည့်နိုင်ငံများဖြစ်ပါသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ကိုအောင်မြင် စွာဆောင်ရွက်နိုင်မည်ဆိုပါက တိုင်းပြည်စီးပွား ရေးကိုတိုးတက်စေနိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်းဆွဲဆောင်နိုင်မည် ဖြစ်ပါကြောင်းဖော်ပြ ထားပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့