Main menu

Background

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက် ဖောက်ရန်အတွက် ပဲတီစိမ်းများတင်ပို့

Mon, 12/04/2023 - 10:48 -- journal_editor

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ပြုလုပ်မည့် ပဲတီစိမ်း များတင်ပို့ရာတွင် ၎င်းနိုင်ငံများမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ဥပဒေ  သတ်မှတ်ချက်များနှင့်ကိုက်ညီစွာ စိုက်ပျိုးထုတ်လုပ်တင်ပို့ သွားနိုင်ရေး အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်မှစတင်၍ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန် အတွက် မြန်မာပဲများ တင်ပို့နိုင်ရေး  လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို စားသုံးသူရေးရာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သတင်းအချက်အလက် နည်းပညာနှင့် အရည် အသွေး စီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက အတွင်းရေးမှူး အဖြစ်လည်းကောင်းတာဝန်ယူပြီး သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းတာဝန်ပေးအပ် ပြီး ပဲတီစိမ်း စတင်စိုက်ပျိုးချိန်မှ  ထုတ်လုပ်ချိန်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်အား ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နှစ်စဉ် ဥရောပ သမဂ္ဂသို့ ပဲတင်ပို့လိုသည့် ကုမ္ပဏီများအား အဆိုပြုလွှာများ ဖိတ်ခေါ် ၍ အဆိုပြုလွှာတင်သွင်းလာသည့် ကုမ္ပဏီလုပ်ငန်းရှင်များ ပါဝင် သည့် မြန်မာပဲများတင်ပို့သူ အစုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခြင်း၊ တောင်သူပညာပေး သင်တန်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း၍ သင်တန်း အစီအစဉ် ရေးဆွဲခြင်း၊ စစ်ဆေးရေးမှူးသင်တန်းအစီအစဉ် ရေး ဆွဲခြင်း၊ တောင်သူစာရင်း ပြုစုခြင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ   ပဲတီစိမ်း  စိုက်ပျိုးတောင်သူများအား ကောင်းမွန်သော စိုက်ပျိုးမှုနည်းစနစ်များအတိုင်း  စိုက်ပျိုးစေရန် နည်းပညာ ပေးသင်တန်းများပို့ချခြင်း၊ အဝယ်ဒိုင် (ဃသူနခအသမ) များ၊ စစ်ဆေးရေးမှူးများအား သင်တန်းပို့ချခြင်း၊         စိုက်ပျိုးဒေသအလိုက် ကွင်းဆင်းစစ်ဆေးခြင်း၊  အဝယ်ဒိုင် များနှင့်   ပြုပြင်ထုပ်ပိုးသည့်စက်ရုံ   (Processor)  များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့်   အပင်ပိုးမွှား  ကင်းရှင်းကြောင်း သက်သေခံလက်မှတ ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပြီး ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် ပဲတီစိမ်းများကို  နှစ်စဉ်တင်ပို့လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ စတင် ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ စုစုပေါင်းတန်ချိန် ၇၄၀၁၃ တန် တင်ပို့ခဲ့ပြီး  နှစ်စဉ်တင်ပို့မှုများမှာ အောက်ပါ အတိုင်းဖြစ်သည်-
    ဘဏ္ဍာနှစ်                                           တင်ပို့တန်ချိန်
    ၂၀၁၅ ခုနှစ်                                                ၇၇၅၅.၂၅၀
    ၂၀၁၆ ခုနှစ်                                               ၇၁၆၃.၃၇၅
    ၂၀၁၇ ခုနှစ်                                             ၁၁၁၆၀.ဝ၇၅
    ၂၀၁၈ ခုနှစ်                                               ၈၁၅၇.၂၅၀
    ၂၀၁၉ ခုနှစ်                                               ၈၀၇၃.၆၂၅
    ၂၀၂၀ ပြည့်နှစ်                                          ၅၀၅၃.၇၅၀
    ၂၀၂၁ ခုနှစ်                                               ၉၆၇၅.၂၅၀
    ၂၀၂၂ ခုနှစ်                                                ၈၅၇၈.၁၂၅
    ၂၀၂၃ ခုနှစ်၊ မတ်လမှ                                  ၈၃၉၇.ဝ၂၅
    အောက်တိုဘာလ    
    စုစုပေါင်း                                         ၇၄၀၁၃.၇၂၅
၂၀၂၄ ခုနှစ် ပဲရာသီတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲများ တင်ပို့နိုင်ရေး အတွက် တင်ပို့လိုသည့် အဆိုပြုကုမ္ပဏီများ ဖိတ်ခေါ်ခြင်း၊ တောင်သူပညာပေးသင်တန်းများ ပို့ချခြင်း၊တောင်သူ၊ အဝယ် ဒိုင်နှင့် ပြုပြင်ထုပ်ပိုးသည့်စက်ရုံ စစ်ဆေးခြင်း လုပ်ငန်းစဉ် များ ဆောင်ရွက်နိုင်ရေးအတွက် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန် မြန်မာပဲများ တင်ပို့နိုင်ရေး လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့  ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက် မွန်းလွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ဒုတိယထပ် အစည်းအဝေးခန်းမတွင် Hybrid System ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးသို့  ဥရောပသမဂ္ဂနိုင်ငံများသို့  ပဲပင် ပေါက်ဖောက်ရန်အတွက် မြန်မာပဲများ တင်ပို့နိုင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ၂၀၂၃ ခုနှစ် ပဲရာသီ ဥရောပသမဂ္ဂနိုင်ငံ များသို့  ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲများ တင်ပို့ မှုနှင့် ၂၀၂၄ ခုနှစ် ပဲရာသီအတွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များက ယခင်နှစ် မြန်မာပဲများ တင်ပို့နိုင်ရန် တောင်သူပညာပေးသင်တန်းပို့ချခြင်း၊ စစ်ဆေးခြင်းနှင့်  Certificate  ထုတ် ပေးခြင်းနှင့် ၂၀၂၄ ခုနှစ် ပဲရာသီတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲတီစိမ်းများ တင်ပို့လိုသည့် အဆိုပြုကုမ္ပဏီအသစ် လေးခု အပါအဝင် စုစုပေါင်း ကုမ္ပဏီ ၁၀ ခုတို့မှ တောင်သူများကို တောင်သူပညာပေး သင်တန်းပို့ချပေးနိုင်မည့် အခြေအနေ၊ တောင်သူစိုက်ကွင်း၊ အဝယ်ဒိုင်များစစ်ဆေးမည့် အခြေအနေ များအပေါ်  ဆွေးနွေးသုံးသပ် အကြံပြုခဲ့ကြသည်။
တောင်သူပညာပေးသင်တန်းများ ပို့ချရာတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနကGAP/GHP ဆိုင်ရာ ဘာသာ ရပ်များအား ပို့ချခြင်းဖြင့်လည်းကောင်း၊ အဆိုပါ တောင်သူပညာပေးသင်တန်းဖွင့်လှစ်ရာတွင် ကုန်ကျစရိတ်အဝ၀အား  ပဲတင်ပို့သူအစုအဖွဲ့က ကုန်ကျစရိတ်များ ပံ့ပိုးပေးခြင်းဖြင့် လည်းကောင်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။

 

စားသုံးသူရေးရာဦးစီးဌာန