Main menu

Background

အောင်ပန်းချင်းဈေးကွက် မျိုးချင်းအတွက် အရောင်းအဝယ်သွက်

Fri, 04/01/2016 - 15:29 -- journal_editor

အောင်ပန်းဈေးကွက်မှာ ချင်း(အသစ်) တွေ ပုံမှန်အဝင်ရှိနေပါတယ်။ ဒီတစ် ပတ်မှာတော့ မျိုးချင်းတွေပိုပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အချို့ တောင်သူတွေက ပြန်စိုက်ဖို့ အတွက်  မျိုးချင်းတွေကို ဝယ်နေလို့ အရောင်းသွက်နေ တယ်လို့  သိရပါတယ်။ ဈေးပတ်သမားများကလည်း ပုံမှန်အဆွဲရှိနေပါတယ်။ နထစသမအ  အဆွဲမရှိသေးပေမယ့် အလှူပွဲရာသီဖြစ်လို့ အရောင်းသွက်နေပြီး အဝင်ရှိ သလောက် အရောင်းဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေးက တော့ ချင်း (ညံံ့စ) က တစ်ပိဿာ ၃၅၀ ကျပ်၊ ပုံမှန်စတွေက တစ်ပိဿာ  ၄၀၀ ကျပ်၊ မျိုးချင်းတွေက တစ်ပိဿာကို ၅၀၀ ကျပ်-၅၅၀ ကျပ်ဈေးရှိပါတယ်။ ဈေးပတ်သမား တွေလည်း ပုံမှန်အဆွဲရှိနေတာကြောင့် ဒီတစ်ပတ်ထဲမှာ အရောင်းသွက်နေပါတယ်။ ဈေးကတော့ အရည်အသွေးပေါ်မူတည်ပြီး ကွာသွားပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ပိဿာချိန်ပေါင်း ၁ ဒသမ ၅ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။။
ဟိုပုံးဈေးကွက်မှာတော့ ချင်းက အဝယ်မရှိတာကြောင့် ချင်းခြောက်လုပ်ဖို့ အတွက် တောင်သူများက ချင်းသစ်များကို ပြန်ပြုတ်နေကြတယ်လို့ သိရပါတယ်။ ချင်းစိုကို ဒီအတိုင်းထားရင် အထားမခံသလို ဝယ်လက်လည်း မရှိတာကြောင့် အထားခံအောင် ချင်းခြောက်ပြုလုပ်ပြီး ဝယ်လက်စောင့်မယ်လို့ သိရပါတယ်။ ချင်း ခြောက် တစ်ပိဿာကို ပေါက်ဈေး ၂၀၀၀ ကျပ်ရှိတယ်လို့လည်း သိရှိရပါတယ်။
စောယုထွေး-တောင်ကြီး