Main menu

Background

အိန္ဒိယ၏ သွင်းကုန်အခွန် တိုးမြှင့်ဖွယ်ရှိမှုက မလေးရှား စားအုန်းဆီဈေးနှုန်းများ ကျဆင်းစေ

Mon, 09/02/2024 - 12:16 -- journal_editor

စားအုန်းဆီ ထိပ်တန်းထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ရောင်းလို အားလျော့ကျမည့် အလားအလာများ ရှိနေသော်လည်း ကမ္ဘာ့စားအုန်းဆီ ထိပ်တန်းဝယ်ယူသူဖြစ်သည့်  အိန္ဒိယနိုင်ငံသည် ပိုမိုမြင့်မားသော သွင်းကုန် အခွန် စည်းကြပ်ကောက်ခံမည့် အခြေအနေရှိခြင်းက မလေးရှား ဈေးကွက်၌ သြဂုတ် ၂၈ ရက် ဈေးကွက်ပိတ်သိမ်းချိန်တွင် စားအုန်းဆီကြိုရောင်းဈေးနှုန်း များကို ကျဆင်းစေခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ဘာဆာမလေးရှား ဆင့်ပွားစတော့ဈေးကွက် (Bursa Malaysia Deri- vatives Exchange) တွင် ဈေးကွက်ပိတ်ချိန် နိုဝင်ဘာလအတွက် သင်္ဘောတင် ပို့မည့် စားအုန်းဆီ စံပြုစာချုပ်ဈေးနှုန်းသည် မက်ထရစ်တစ်တန်လျှင် ရင်းဂစ် ငွေ ၃၉၂၀ ရှိပြီး နှစ်ရက်ဆက်တိုက် ကျဆင်းမှုအဖြစ် ယခင်နေ့ ဈေးနှုန်းအပေါ် ၃ ရင်းဂစ် သို့မဟုတ် သုည ဒသမဝ၈ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ အစိုးရသည် ဆီထွက်သီးနှံဈေးနှုန်းများ နိမ့်ကျမှုကြောင့် တောင်သူများ အခက်အခဲကြုံရခြင်းကို ကာကွယ်ပေးရန်အတွက် ဟင်းသီး ဟင်းရွက်ဆီများ တင်သွင်းမှုအပေါ် စည်းကြပ်ကောက်ခံသော အခွန်နှုန်းထား များအား မြှင့်တင်ရန် စဉ်းစားလျက်ရှိသည်ဟု အစိုးရဌာနဆိုင်ရာ သတင်း အရင်းအမြစ် နှစ်ခုက သြဂုတ် ၂၈ ရက်တွင် ပြောခဲ့သည်။ အဆိုပါ အစီအစဉ် ကို လာမည့်ရက်သတ္တပတ်များအတွင်း အိန္ဒိယအစိုးရက ကြေညာချက်ထုတ် ပြန်ဖွယ်ရှိပြီး စားအုန်းဆီဝယ်လိုအား လျော့ကျလျက် ပြည်ပမှ  ဝယ်ယူတင် သွင်းမှု ကျဆင်းစေနိုင်မည့် အလားလာရှိသည်။
အင်ဒိုနီးရှား၏  ဇွန်လအတွင်း စားအုန်းဆီတင်ပို့မှုမှာ မေလကထက် ၇၁ ဒသမ၈ ရာခိုင်နှုန်း မြင့်တက်လျက် မက်ထရစ်တန်ချိန် ၃ဒသမ၃၈၅ သန်း အထိ ရောက်ရှိခဲ့ကြောင်း၊ သို့သော် ယခင်နှစ် ကာလတူ တင်ပို့နိုင်မှုနှင့် နှိုင်း ယှဉ်ပါက ၁ ဒသမ ၈၈ ရာခိုင်နှုန်း လျော့နည်းနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း၏ အချက်အလက်များက ဖော်ပြလျက်ရှိသည်။ သြဂုတ် လ ပထမ ရက် ၂၀ အတွင်း မလေးရှား၏ စားအုန်းဆီထုတ်ကုန်များ တင်ပို့မှု အားကောင်းခဲ့သော်လည်း သြဂုတ် ၁ ရက်မှ ၂၅ ရက်အထိ တင်ပို့နိုင်မှုပမာဏ သည် ယခင်လ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄ ဒသမ ၁ ရာခိုင်နှုန်းမှ ၁၄ ဒသမ ၉ ရာခိုင်နှုန်းအတွင်း ကျဆင်းခဲ့သည်ဟု ကုန်ပစ္စည်း စမ်းသပ်စစ် ဆေးရေးကုမ္ပဏီများဖြစ်သောIntertek Testing Services နှင့်  AmSpec Agri Malaysia  တို့၏ အချက်အလက်များအရ သိရှိရသည်။
ရာသီဥတု အထောက်အပံ့ ကောင်းမွန်မှုမရှိခြင်းနှင့် ဆီအုန်းပင်များ သက်တမ်းရင့်လာခြင်းတို့ကြောင့် အင်ဒိုနီးရှား၏ ယခုနှစ် စားအုန်းဆီထုတ် လုပ်မှုမှာ ကျဆင်းမည်ဟုခန့်မှန်းရပြီး ဈေးကွက်တွင် ဝယ်လိုအား ဆက်လက် မြင့်မားနေဖွယ်ရှိကြောင်း၊ ထို့အပြင် ၂၀၂၅ ခုနှစ်အတွင်း ဇီဝဒီဇယ်ဆီ သုံးစွဲမှု တိုးမြှင့်မည့် အင်ဒိုနီးရှား၏ အစီအစဉ်သည် တင်ပို့နိုင်မည့်ပမာဏကို ကန့် သတ်မှုဖြစ်စေလျက် ကမ္ဘာ့စားအုန်းဆီဈေးနှုန်းများ မြင့်တက်မှုကို အထောက် အကူပြုနိုင်ကြောင်းဖြင့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အခြေစိုက်Kantilal Laxmi- chand ကုမ္ပဏီမှ ကုန်သွယ်ရေးမန်နေဂျMitesh Saiya  က ပြောကြားခဲ့သည်။
အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့စားအုန်းဆီ ဝယ်လို အား နည်းပါးနေချိန်တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန်အတွက် စားအုန်းဆီ တင်ပို့မှုအပေါ် ကောက်ခံသော အခွန်နှုန်းထားကို ပြန်လည်ချိန်ညှိမည့် အစီ အစဉ်တစ်ရပ်အား အချိန်ယူစဉ်းစား ဆောင်ရွက်လျက်ရှိသည်ဟုBisnis.com က သြဂုတ် ၂၆ ရက်တွင် ဖော်ပြခဲ့သည်။  
တရုတ်နိုင်ငံ  Dalian  ဈေးကွက်တွင် အရောင်းအဝယ် အများဆုံးဖြစ် သော ပဲပုပ်ဆီ၏ စာချုပ်ဈေးနှုန်းများမှာ သုည ဒသမ ၅၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ သော်လည်း စားအုန်းဆီ စာချုပ်ဈေးနှုန်းမှာ သုည ဒသမ ၅ ရာခိုင်နှုန်း လျော့ ကျခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့ CBOT)) ဈေးကွက်၌   ပဲပုပ်ဆီ၏ ဈေးနှုန်းများသည် သုည ဒသမ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ  ဈေးကွက်၌ ဝေစုနေရာ ရရှိနိုင်ရေး ယှဉ်ပြိုင်နေရသည့်အလျောက် အခြားသော ဆက်စပ်နေသည့် စားသုံးဆီများ၏ ဈေးနှုန်းပြောင်းလဲမှုများသည် စားအုန်းဆီအပေါ် သက် ရောက်လျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
Source: Business Recorder, 29 Aug 2024,

UNAL, DOCA