အဓိကဈေးကွက်များထံမှ ဝယ်လိုအားနှင့် ဘတ်ငွေ တန်ဖိုး အားပျော့မှုတို့ ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် ယခု နှစ်တွင် မူလခန့်မှန်းထားသည့် ဆန်တန် ၇ဒသမ၅ သန်းကို ကျော်လွန်၍ ဆန်တန်ချိန် ၈ဒသမ၂ သန်းကို ပြည်ပသို့တင်ပို့ နိုင်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ စီးပွားကူးသန်း ဝန်ကြီးဌာနအဆိုအရ သိရသည်။ ထိုင်းနိုင်ငံ ပြည်ပကုန်သွယ် ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်Ronnarong Phoolpipet က ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၅ ဒသမ ဝ၈ သန်း တင်ပို့ခဲ့ရာမှ ဘတ် ၁၁၇ ဒသမ၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့ သည့်နှစ် တူညီသည့်ကာလကထက် ၂၅ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆန်တင် သွင်းသူများသည် စားသုံးရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရေး အတွက် သိုလှောင်ထားရန်အတွက် တင်သွင်းရန် အလိုရှိကြ ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အိန္ဒိယ၏ ဆန်တင်ပို့မှု ကန့်သတ်ခြင်းနှင့် တစ်ဒေါ်လာကို ၃၆-၃၇ ဘတ် အထိ တန်ဖိုးကျဆင်းမှုကလည်း ထိုင်းဆန်ဈေးနှုန်း၏ ယှဉ် ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန် ကူညီစေခဲ့ကြောင်း သိရသည်။
ဌာနအနေနှင့်လည်း ထိုင်းနိုင်ငံ ဆန်တင်ပို့သူများ အသင်းနှင့် ဒုတိယနှစ်ဝက်အတွက် ဆန်တင်ပို့မှု အခြေအနေ နှင့် ပတ်သက်၍ ဆွေးနွေးရန် ဇူလိုင် ၂၅ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ အပါအဝင် ထိုင်းနိုင်ငံ၏ အဓိကတင်ပို့သည့် ဈေးကွက်များမှာ ငွေကြေးဖောင်းပွမှုနှင့် မိုးခေါင်ခြင်းတို့ကြောင့် ဆန်ဝယ်လို အား ဆက်လက်မြင့်တက်ရန်ရှိကြောင်း သိရသည်။ ဖိလစ်ပိုင် နိုင်ငံသည် သြဂုတ်လ အစောပိုင်းကာလမှ စတင်သက်ရောက် ပြီး ၂၀၂၈ ခုနှစ်အထိ ကြာမြင့်မည့် ဆန်တင်သွင်းသည့် အကောက်ခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ လျှော့ချ မည်ဟု တရားဝင်ကြေညာထားကြောင်း သိရသည်။
Mr. Ronnarong က ယခုနှစ်တွင် ဖိလစ်ပိုင်နှင့် အင်ဒို နီးရှားတို့သည် ၎င်းတို့၏ ဆန်တင်သွင်းမှုကို တန်ချိန် ၄ ဒသမ ၇ သန်းနှင့် တန်ချိန် ၃ ဒသမ ၆-၄ ဒသမ ၃ သန်း အသီးသီး မြင့်တက်မည်ဟု မျှော်လင့်ရကြောင်းနှင့် ထိုင်းအပါအဝင် ဆန်တင်ပို့သည့် နိုင်ငံများအတွက် အခွင့်အလမ်း တစ်ခုဖြစ် ကြောင်း ပြောကြားခဲ့သည်။ သို့သော် ယခုနှစ် ဒုတိယနှစ်ဝက် အတွက် ထိုင်းနိုင်ငံဆန်တင်ပို့ရာတွင် များစွာသော စွန့်စား ရနိုင်သည့်အချက်များ ရှိနေကြောင်း သိရသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံက ဆန်တင်ပို့ရာတွင် ကန့်သတ်ထားမှုအား ပြန် လည်ဆန်းစစ်နိုင်ချေရှိခြင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာ နှင့် ကမ္ဘောဒီးယားတို့တွင် ဆန်ထုတ်လုပ်မှုမြင့်တက်လာသည့် အတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့နိုင်စွမ်းမြင့်တက်လာပြီး ဈေးနှုန်းယှဉ်ပြိုင်ရမှု မြင့်တက်လာနိုင်ခြင်းနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများ ဖြစ်ပေါ်နေခြင်းနှင့် သင်္ဘောတင်ပို့နှုန်းများ မြင့်တက်လာခြင်း အစရှိသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဆန်တင်ပို့မှုအခြေအနေသည် ကောင်းမွန် နေလျက်ရှိနေသေးပြီး တင်ပို့သူများသည် ပမာဏများပြား သည့် ဆန်များကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့ ပါဝင်သော အာဆီယံနိုင်ငံများနှင့် အရှေ့အလယ်ပိုင်း စသည့် ဒေသများသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ မြ. ျွသညMr. Ronnarong က ဌာနအနေဖြင့် ဆန်တင်ပို့မှု အရှိန်မြှင့်တင်ရန်အတွက် သက်ဆိုင်ရာအစိုးရ ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း ပါဝင်သော ပုဂ္ဂလိကကဏ္ဍများနှင့် နီးကပ်စွာ အလုပ်လုပ်သွား ရန် အဆင်သင့်ဖြစ်နေကြောင်း ပြေားကြားခဲ့သည်။
ဌာနအနေဖြင့်လည်း တောင်အာဖရိက၊ ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်အစရှိသည့် အဓိက ဈေးကွက်များတွင် ဆန်ဈေးကွက်ထပ်မံတိုးချဲ့၍ ရင်းနှီးကျွမ်း ဝင်မှု အားကောင်းရန်အတွက် အစီအစဉ်များရှိနေပြီး ကမ္ဘာ လုံးဆိုင်ရာဈေးကွက်သို့ ထိုင်းဆန်ကြေညာမြင့်တင်ရန် များစွာသော ကုန်စည် ပြပွဲများတွင် ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
Source: Bangkok Post
မြသူ DOCA Yangon))