Main menu

Background

မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆီးဆန် ၄၆ တန်ကျော်တင်ပို့

Fri, 05/06/2016 - 14:23 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၉ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း  ကန်ဒေါ်လာ သုည ဒသမ ၁၈၄  သန်းတန်ဖိုးရှိ ဆီးဆန် ၄၆ တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။
ဧပြီပထမပတ်အတွင်းမှာတော့ မူဆယ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၂၈၂ သန်းတန်ဖိုးရှိ  ဆီးဆန်   ၆၈ တန်ကျော်တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။စစ်တွေကုန်သွယ်ရေးစခန်းကတော့ ဧပြီ ၉ ရက်မှ ၂၂ ရက်အထိကာလအတွင်း ဆီးဆန်တင်ပို့မှုမရှိသော်လည်း ဆီးသီး ခြောက် ၆၉ တန်၊ ဆီးယိုထုတ် ၃၉ တန်နဲ့ ဆီးဖတ်တန် ၂၀  စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၇ သန်းဖိုးတင်ပို့နိုင် ခဲ့တယ်လို့ သိရပါ တယ်။                                                                                                      

                            တင်တင်ထွန်း