Main menu

Background

တီထွင်ဆန်းသစ်မှုပြုခြင်းဖြင့် ကမ္ဘာ့စီးပွားရေး ဖွံ့ ဖြိုးမှုနှုန်း နှေးကွေးကျဆင်းမှုကို တိုက်ဖျက်ဖို့ အိုင်အမ်အက်ဖ်တိုက်တွန်း

Wed, 04/06/2016 - 14:24 -- journal_editor

   ကမ္ဘာ့စီးပွားရေးမှာ နှေးကွေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တီထွင်ဆန်းသစ်မှုတွေကိုအားပေးတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး(R&D) လုပ် ငန်းတွေထွန်းကားစေမယ့်မူဝါဒတွေ ချမှတ်သွားဖို့လိုအပ်ကြောင်းတစ်နှစ် လျှင် နှစ်ကြိမ်ထုတ်ပြန်တဲ့အစီရင်ခံစာ မထုတ်ပြန်မီ ပြုလုပ်တဲ့အစည်းအဝေး မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့(အိုင်အမ်အက်ဖ်) က   တိုက်တွန်းကြောင်း အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။''သုတေသနနဲ့ ဖွံ့ဖြိုးရေး(R&D)၊ စွန့်ဦးတီထွင်မှုအရည်အသွေးပြည့်ဝမှု နဲ့ နည်းပညာလွှဲပြောင်းမှုစတဲ့ လုပ်ငန်းတွေဆောင်ရွက်ပြီး တီထွင်ဆန်းသစ်မှုတွေကိုအားပေးရာမှာဘဏ္ဍာရေးမူဝါဒတွေကအရေးပါတဲ့အခန်းကဏ္ဍ တွေမှာပါဝင် ပါတယ်'' လို့အိုင်အမ် အက်ဖ်က ပြောပါတယ်။စီးပွားရေးဖွံ့ဖြိုးရေးတိုးတက်ဖို့ အတွက်  အိုင်အမ်အက်ဖ်က ပြုစုတဲ့ ထောက်ခံတင်ပြချက်တွေထဲမှာ ဖွံ့ဖြိုး ပြီးနိုင်ငံများက သုတေသနဖွံ့ဖြိုးရေး (R&D) အတွက် လက်ရှိရင်းနှီးမြှုပ်နှံ နေတဲ့ ပမာဏထက်၄၀ ရာခိုင်နှုန်း  ပိုမို ရင်းနှီးမြှုပ်နှံဖို့နဲ့ ဒီလိုရင်းနှီးမြှုပ်နှံခြင်းအားဖြင့် သက်ဆိုင်ရာနိုင်ငံတွေရဲ့ဂျီဒီပီ ကို ၅ ရာခိုင်နှုန်း   ပိုမိုတိုးတက်စေနိုင် ကြောင်း၊ နည်းပညာလွှဲပြောင်းခြင်းဖြင့်  ကမ္ဘာ့စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်ဖို့လိုကြောင်းစတဲ့အချက် တွေပါဝင်ပါတယ်။ ကမ္ဘာ့စီးပွားရေးကမဆိုသလောက်သာ တိုးတက်မှုရှိနိုင်တဲ့ အခြေအနေမျိုးနဲ့ရင်ဆိုင်ရမှာကို စိုးရိမ်နေရချိန်မှာ တီထွင်ဆန်းသစ်မှုက ကုန်ထုတ်လုပ်မှုကို တိုးတက်အောင် ဆောင် ရွက်ရမယ့် နည်းလမ်းတစ်ခုဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးအထောက်အပံ့ရဖို့အတွက် အခက် အခဲတွေ့ကြုံတွေ့နေရချိန်မှာ စီးပွားရေးဖွံ့ဖြိုးမှုကျဆင်းတာကို ရည်မှန်းချက် ထားပြီး  ဆောင် ရွက်တဲ့ ဘတ်ဂျက်မူဝါဒ တွေက ကုစားအောင်အထောက်အကူ ရနိုင်မှာဖြစ်ကြောင်း  အိုင်အမ်အက်ဖ်က ပြောပါတယ်။