Main menu

Background

ဇန်နဝါရီလအတွင်း ပဲတင်ပို့မှု

Tue, 02/21/2023 - 11:50 -- journal_editor

ပဲတီစိမ်း

ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ တစ်လတာကာလအတွင်း ပင်လယ်ရေ ကြောင်း  ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၉၆၁ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၃၂၀ဝ၀ နီးပါးတင်ပို့ ခဲ့ရာ အများဆုံး တင်ပို့ခဲ့သော နိုင်ငံ အလိုက်နှင့်တန်ချိန်များမှာ တရုတ်နိုင်ငံ သို့ တန်ချိန် ၁၆၀ဝ၀ ကျော်၊ စင်ကာပူ နိုင်ငံသို့ တန်ချိန် ၉၀ဝ၀ နီးပါး၊ ဗီယက် နမ်နိုင်ငံသို့   တန်ချိန် ၂၀ဝ၀ ကျော်၊ မလေးရှားနိုင်ငံသို့  တန်ချိန် ၁၅၀ဝ ကျော်၊ ထိုင်းနိုင်ငံသို့  တန်ချိန် ၁၃၀ဝ ကျော် တင်ပို့ပြီး အိန္ဒိယ၊ သြစတြေးလျ၊ ကနေဒါ၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများ သို့လည်း တင်ပို့ခဲ့သည်။

ဇန်နဝါရီလအတွင်း    မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ပဲတီစိမ်း ၅၅၃၄ တန်နှင့် မြန်မာ-ထိုင်းနယ်စပ်မှ ၃၄ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၁၆ သန်း ပို့ကုန်ဝင်ငွေ ရရှိခဲ့ သည်။

ပဲစင်းငုံ

ဇန်နဝါရီလအတွင်း ပင်လယ်ရေ ကြောင်း  ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၃၄ ဒသမ ၇၆၃ သန်း တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၄၆၆၆၀ ကျော် တင်ပို့ခဲ့ ပြီး  အိန္ဒိယနိုင်ငံသို့ တန်ချိန် ၄၆၆၀ဝ ခန့် တင်ပို့ခဲ့သည်။

မတ်ပဲ

ဇန်နဝါရီလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၆၁၉ သန်း တန်ဖိုးရှိ မတ်ပဲတန်ချိန် ၅၁၈၀ဝ ကျော် တင်ပို့ခဲ့သည်။ မတ်ပဲကို အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူနိုင်ငံ များသို့  အများဆုံးတင်ပို့ခဲ့ပြီး အီးယူ နိုင်ငံများသို့လည်း    တင်ပို့ခဲ့သည်။ မြန်မာ-ထိုင်းနယ်စပ်မှ  ဇန်နဝါရီလ အတွင်း  မတ်ပဲတန်ချိန် ၃၈၀ ကျော် တင်ပို့ခဲ့သည်။

ဇန်နဝါရီလအတွင်း  ပဲတီစိမ်း၊ ပဲစင်းငုံ၊  မတ်ပဲ   စုစုပေါင်းတန်ချိန် ၁၃၆၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်း သိရ သည်။                                            

CJ