Main menu

Background

ထိုင်းတွင် ကွန်ဒိုတိုက်ခန်း အများဆုံးဝယ်ယူသည့် ငါးနိုင်ငံ

Tue, 02/28/2023 - 16:14 -- journal_editor

၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒို တိုက်ခန်းများ  ဝယ်ယူသည့်  ထိပ်တန်းငါးနိုင်ငံ စာရင်းကို  ထုတ်ပြန်လိုက်ရာ တရုတ်နိုင်ငံသား များက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့်(၅)နေရာတွင်  ရှိနေကြောင်း ထိုင်းနိုင်ငံ၏ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ Real Estate Information Centre - REIC) ၏ ထုတ်ပြန် ချက်အရ သိရသည်။
တရုတ်နိုင်ငံတွင်   ကိုဗစ်စည်းကမ်းများ တင်းကျပ်ချိန်မှစတင်ကာ တရုတ်နိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေများ ဝယ်ယူရန်  ကြိုးပမ်းခဲ့ကြပြီး အများစုမှာ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူခဲ့ကြသည်ဟု စစ်တမ်းက ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဥပဒေအရ နိုင်ငံခြား သားများသည် မည်သည့်ကွန်ဒိုအဆောက်အအုံ တွင်မဆို ယူနစ်၏ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့်ရှိပြီး ကျန်သည့် ၅၁ ရာခိုင်နှုန်းမှာ  ထိုင်းနိုင်ငံသားများ၏ ပိုင်ဆိုင်မှုဖြစ်သည်။
ယခု ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ တရုတ် နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုမှာ ယခင်နှစ် များထက် နည်းပါးသော်လည်း တရုတ်ပိုင်ရှင်များ သည်  နိုင်ငံခြားကွန်ဒိုဈေးကွက်ကို လွှမ်းမိုးထား နိုင်ဆဲဖြစ်သည်။ ထို့ပြင် ၂၀၂၂ ခုနှစ် ပထမ ကိုးလ တွင် နိုင်ငံခြားသားများ ဝယ်ယူသည့် ကွန်ဒိုအားလုံး ၏ ထက်ဝက်နီးပါးခန့်ကို တရုတ်နိုင်ငံသားများက ပိုင်ဆိုင်ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏   အိမ်ခြံမြေ သတင်းအချက် အလက်စင်တာ(Real Estate Information Centre - REIC))၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင် ဘာလအတွင်းတွင် ကွန်ဒိုအခန်းပေါင်း ၇၂၉၀ ကို နိုင်ငံခြားသားပိုင်ဆိုင်မှုသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ နိုင်ငံခြားသား  ကွန်ဒိုပိုင်ဆိုင်မှာ  တရုတ်နိုင်ငံက ဘတ် ၁၇ ဒသမ ၉၄ ဘီလီယံ သို့မဟုတ် ၄၈ ဒသမ ၅ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုက ဘတ် ၁ ဒသမ ၆၁ဘီလီယံ သို့မဟုတ် ၄ ဒသမ ၄ ရာခိုင် နှုန်း၊ ပြင်သစ်နိုင်ငံက ဘတ် ၁ ဒသမ ၄၃ ဘီလီယံ သို့မဟုတ် ၃ ဒသမ ၉ ရာခိုင်နှုန်း၊ ရုရှားနိုင်ငံက ဘတ် ၁ ဒသမ ၃၆ ဘီလီယံ သို့မဟုတ် ၃ ဒသမ ၇ ရာခိုင်နှုန်း၊   မြန်မာနိုင်ငံက  ဘတ် ၁ ဒသမ ၃၄ ဘီလီယံ သို့မဟုတ် ၃ ဒသမ ၆ရာခိုင်နှုန်း စသည် ဖြင့် အသီးသီးရှိနေကြသည်။
နိုင်ငံခြားသားများ   ဝယ်ယူသည့် ကွန်ဒို အားလုံး၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိသော တရုတ် လူမျိုးများ၏ ဝယ်ယူမှုမှာ များသည်ဟု ထင်ရသော် လည်း ယခင်နှစ်များကထက် လျော့နည်းသွားသည် ဟုဆိုသည်။ ၂၀၁၈-၂၀၂၁ ခုနှစ်အတွင်း၌ ထိုင်း နိုင်ငံတွင် နိုင်ငံခြားသားများဝယ်ယူသည့် ကွန်ဒို အားလုံး၏ ၅၅-၆၀ရာခိုင်နှုန်းသည် တရုတ်ပိုင်ရှင် များဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင်  ထိုင်းနိုင်ငံ၌ ရုရှားနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုက တရုတ် နိုင်ငံသားများထက် ပိုမိုများပြားလာကြောင်း သိရ သည်။ ထို့ပြင် မြန်မာနိုင်ငံသည်လည်း ထိုင်းနိုင်ငံ တွင် ကွန်ဒိုဝယ်ယူမှု ယခင်နှစ်များထက် သိသိ သာသာ  များပြားလာခဲ့ကြောင်း  စစ်တမ်းတွင် ဖော်ပြထားသည်။   
Source; thethaiger.com

 

စိုင်းဗညား