Main menu

Background

ဗီယက်နမ်က လျှပ်စစ်ကား ၁၈၀ဝ ကို အမေရိကန်နှင့် ကနေဒါတို့သို့ ထပ်မံတင်ပို့

Mon, 04/24/2023 - 15:33 -- journal_editor

ဗီယက်နမ်နိုင်ငံ အခြေစိုက် VinFast ကုမ္ပဏီသည် ၎င်းတို့ထုတ်လုပ်သည့် လျှပ်စစ်မော်တော်ကားများကို အမေ ရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ ဈေးကွက်တို့သို့ ဒုတိယ အသုတ်အဖြစ် VF8 မော်ဒယ် အစီးရေ ၁၈၀ဝ ကို ထပ်မံတင်ပို့ လိုက်ကြောင်း vietnamplus.vn သတင်းဌာနက ဧပြီ ၁၉ ရက်တွင် ရေးသားဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံ ပုဂ္ဂလိကလုပ်ငန်းစု Vingroup ၏အဖွဲ့ဝင်ဖြစ်သော VinFast သည် ၎င်း၏ VF8 မော်ဒယ် လျှပ်စစ်ကားအစီးရေ ၁၈၀ဝ ကို ဗီယက်နမ်နိုင်ငံ မြောက်ဘက်ပိုင်းရှိ Hai Phong မြို့ MPC ဆိပ်ကမ်းမှတစ်ဆင့်  အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့သို့ တင်ပို့ရန် ကြေညာခဲ့ခြင်းဖြစ်သည်။
VF8 မော်ဒယ် လျှပ်စစ်မော်တော်ကားများကို လာမည့် ရက်အနည်းငယ်အတွင်း ထွက်ခွာရန် မျှော်လင့်ထားသည့် Silver Queen ရေယာဉ်ပေါ်သို့ တင်ဆောင်လျက်ရှိကြောင်း သတင်းများတွင် ဆက်လက်ဖော်ပြထားသည်။ စီစဉ် ထားသည့်အတိုင်း အဆိုပါကားများကို လာမည့် မေလတွင် အမေရိကန်ဈေးကွက်နှင့် ကနေဒါဈေးကွက်များတွင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်ကလည်း VinFast သည် VF8 City Edition ၉၉၉ စီးအပါအဝင် စမတ် လျှပ်စစ်ကားများကို ပထမအသုတ်အဖြစ် Silver Queen of Panama သင်္ဘောဖြင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခဲ့သည်။ ယင်းသည် ကမ္ဘာတစ်ဝန်းတွင် VinFast VF8 နှင့် VF9 လျှပ်စစ် ကားများအတွက် အမှာစာ ၆၅၀ဝ၀ တို့တွင် နိုင်ငံတကာ ဈေးကွက်သို့  တင်ပို့သည့် ပထမဆုံးအသုတ် ကားများဖြစ်သည်။
စက်မှုလုပ်ငန်း တိုးတက်နေသည့် ဗီယက်နမ်နိုင်ငံတွင် လျှပ်စစ်မော်တော်ကားများကို  အသုံးပြု၍  အငှားယာဉ် ဝန်ဆောင်မှုအဖြစ် ဟိုချီမင်းစီးတီးနှင့် မြို့ကြီးငါးခုတွင် စတင်နေပြီဖြစ်ကြောင်း သိရသည်။  

Source; vietnamplus.vn

စိုင်းဗညား