Main menu

Background

မေလအတွင်း ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော်ရရှိ

Mon, 06/19/2023 - 12:25 -- journal_editor

မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပဲတီစိမ်း မတ်ပဲ နှင့် ပဲစင်းငုံတန်ချိန် စုစုပေါင်း ၁၄၈၂၂၀ ကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။
ပဲတီစိမ်း
မေလအတွင်း  ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ ပဲတီစိမ်းတင်ပို့မှုမှာ တန်ဖိုး အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၃၀ဝ သန်းနှင့် တန်ချိန် ၇၀၇၀ဝ ကျော်ဖြစ်သည်။ ပဲတီစိမ်းကို ရေကြောင်းမှ  တရုတ်နိုင်ငံသို့  တန်ချိန် ၄၅၄၈၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၅၅၂၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၂၂၅၀၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၁၆၇၀ ကျော်၊ အီးယူ နိုင်ငံများသို့ တန်ချိန် ၁၄၇၀ ကျော်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၁၃၆၀၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၀၅၀၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၇၉၀ ကျော် တင်ပို့ခဲ့ပြီး ထိုင်ဝမ်သို့လည်း အနည်းငယ် တင်ပို့နိုင်ခဲ့သည်။
ထို့ပြင် မြန်မာ-တရုတ်   နယ်စပ်ကုန်သွယ်မှုမှလည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၈၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၆၄၃၅ တန် တင်ပို့ခဲ့ရာ မေလအတွင်း  ပဲတီစိမ်း ကုန်သွယ်မှု တန်ချိန် ၇၇၀ဝ၀ ကျော် ရှိခဲ့သည်။
မတ်ပဲ
မေလအတွင်း မတ်ပဲတင်ပို့မှုမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှု တန်ချိန် ၅၂၀ဝ၀ နီးပါးရှိခဲ့ပြီး   နိုင်ငံအလိုက် တင်ပို့မှုများအနေဖြင့် အိန္ဒိယနိုင်ငံသို့ တန်ချိန် ၄၀ဝ၇၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၃၁၉၀ နီးပါး၊ ပါကစ္စတန်သို့ တန်ချိန် ၂၇၀ဝ ကျော်၊ မလေးရှားသို့ ၁၉၅၅ တန်၊ အင်ဒိုနီးရှား သို့ တန်ချိန် ၂၅၀ နှင့် ထိုင်း၊ ဖိလစ်ပိုင်၊ ဂျပန်နှင့် အီးယူနိုင်ငံ များသို့လည်း တင်ပို့ခဲ့သည်။ မေလအတွင်း မတ်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ဝ၂၉ သန်း ဝင်ငွေရရှိခဲ့သည်။
မေလအတွင်း မြန်မာ-ထိုင်းနယ်စပ်မှ မတ်ပဲ ၅၇၆ တန် နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ၁၃ တန် တင်ပို့ခဲ့သည်။ ရေကြောင်းနှင့်  နယ်စပ်မှ မတ်ပဲတန်ချိန် ၅၂၅၈၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၆၄၅ သန်း ရရှိခဲ့ သည်။
ပဲစင်းငုံ
ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံ တန်ချိန် ၁၇၀၇၀ ကျော်၊ မလေးရှားနိုင်ငံသို့ ၁၃၇၅ တန် တင်ပို့ခဲ့ပြီး  စင်ကာပူနှင့်    အီးယူနိုင်ငံများသို့လည်း အနည်းငယ်စီတင်ပို့ခဲ့ရာ  စုစုပေါင်း မတ်ပဲတင်ပို့မှု တန်ချိန် ၁၈၅၀ဝ ခန့်နှင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆၆၀ သန်း ရရှိခဲ့သည်။    
မေလအတွင်း ပဲမျိုးစုံတန်ချိန် ၁၄၈၂၂၀ ကျော် တင်ပို့ ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော်ရရှိခဲ့သည်။

CJ