Main menu

Background

ရော်ဘာနှင့်ပြောင်း တင်ပို့မှု အခြေအနေ

Tue, 06/20/2023 - 11:33 -- journal_editor

ရော်ဘာ
မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၁၇ သန်းတန်ဖိုးရှိ  ရော်ဘာတန်ချိန် ၁၄၈၇၀ ကျော်တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၁၅၃၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၂၇၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၆၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၀ဝ၊ တောင်ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၃၀ဝ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၆၀ ကျော်နှင့် ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၄၀ တင်ပို့ကြောင်း သိရသည်။
ယခုလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၈၁၀ ကျော်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၅၂၀ ခန့် တင်ပို့သဖြင့် စုစုပေါင်းရော်ဘာတန်ချိန် ၃၃၃၀ ကျော်ရှိပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၄ ဒသမ ဝ၇၃ သန်းရရှိခဲ့သည်။ မေလအတွင်း ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၈၂၀ဝ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၂၂ ဒသမ ၄၉၀ သန်းရရှိသည်။ ယခင်လ ရော်ဘာ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၇၀ဝ၀ ကျော်ပိုမိုတင်ပို့ခဲ့သည်။
ပြောင်း
မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၃၅၅ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၈၅၉၃၀ တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုများမှာ ထိုင်းနိုင်ငံ ပြောင်းတန်ချိန် ၈၂၀၂၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့  ပြောင်းတန်ချိန်  ၃၈၈၀ ကျော်နှင့်  စင်ကာပူနိုင်ငံသို့ ပြောင်းတန်ချိန် အနည်းငယ်တင်ပို့ခဲ့သည်။
ယခုလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ပြောင်း တန်ချိန် ၁၄၂၆၃၀ ကျော်နှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ပြောင်းတန်ချိန် ၁၁၅၆ တန်  တင်ပို့သဖြင့် စုစုပေါင်းပြောင်း ၁၄၃၇၈၈ တန် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၆၉၆ သန်း ရရှိခဲ့သည်။ နည်း လမ်းနှစ်သွယ် မှ ပြောင်း ၂၂၉၇၁၈ တန် တင်ပို့နိုင်သဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၇၁ ဒသမ ဝ၅၁ သန်းရရှိသည်။ ယခင်လ  ပြောင်းတင်ပို့မှုနှင့် နှိုင်း ယှဉ်ပါက ပြောင်းတန်ချိန် တစ်သိန်းကျော် ပိုမိုတင်ပို့ခဲ့သည်။
အေးအေးသန့် (DOT)