Main menu

Background

ကမ္ဘာ့ဂျုံ စိုက်ပျိုးထုတ်လုပ်မှု

Wed, 12/20/2023 - 12:26 -- journal_editor

ကမ္ဘာပေါ်တွင် လူသားများ အသက်ရှင် နေထိုင်စားသောက်ရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကဏ္ဍမှာ မရှိမဖြစ် လိုအပ် သည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့်  မွေးမြူရေး စီးပွားရေးကဏ္ဍသည် အရေးပါသည့်အတွက် ကမ္ဘာပေါ်ရှိ  နိုင်ငံတိုင်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်း စားသုံးမှု  ဖူလုံစေရန်အတွက်နှင့် နိုင်ငံတော် ဘဏ္ဍာငွေရရှိစေရန်အတွက် အစဉ် ဦးစားပေး ဆောင်ရွက်လျက်ရှိကြသည်။
ဂျုံသီးနှံသည် ဆန်၊ ပြောင်းတို့နှင့်အတူ လူသားများ အဓိက စားသုံးသည့် သီးနှံအုပ်စုကြီး သုံးခုထဲမှတစ်ခုဖြစ်သည့်အတွက်  ကမ္ဘာ့စိုက်ပျိုးမှု အများဆုံးသီးနှံများအနက် တစ်ခုဖြစ်သည်။ ဂျုံကို ကမ္ဘာ့နေရာ အများအပြားတွင် စိုက်ပျိုးနိုင်ပြီး အနိမ့် ဆုံးအပူချိန် ၂၅° Cမှ  အမြင့်ဆုံး အပူချိန် ၃၂° C  ကြားထဲတွင် စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။  ဂျုံကို အဓိကစားသုံးသည့်နိုင်ငံများတွင် ဂျုံစိုက်ပျိုးမှုနှင့် တင်သွင်းမှုများပြားပြီး တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံ များသည် ဂျုံစိုက်ပျိုးမှု အများဆုံး သုံးနိုင်ငံဖြစ်ကြသည်။ 
ဂျုံတင်သွင်းမှု  အများဆုံးနိုင်ငံများမှာ အီဂျစ်၊ တရုတ်၊ တူရကီနိုင်ငံတို့ဖြစ်ကြောင်း သိရှိရပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ဂျုံတင်ပို့မှုအများဆုံးနိုင်ငံမှာရုရှားနိုင်ငံဖြစ်ကာ ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံများသည် ဒုတိယနှင့်  တတိယတင်ပို့မှု အများဆုံးနိုင်ငံများအဖြစ်  ရပ်တည်လျက်ရှိနေ သည်။  ယူကရိန်း-ရုရှားစစ်ပွဲ၏ အကျိုးသက်ရောက်မှုနှင့်ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ပဋိပက္ခများ ကြောင့် ဂျုံဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပြီး ၂၀၂၂ ခုနှစ်တွင် ဂျုံကုန်သွယ်မှုမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမေရိကန်ဒေါ်လာ ၁၅၃ ဒသမ ၂ ဘီလီယံခန့် ရှိခဲ့ကြောင်း သိရှိရသည်။
ဂျုံကို နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်အနေဖြင့် ISO-7970:2021  သတ်မှတ်ထားပြီး အစို ဓာတ်ပါဝင်မှု၊ အရွယ်အစား၊ ပရိုတင်းပါဝင်မှု၊ ကျိုးကြေမှု ရှိ/မရှိနှင့် အလေးချိန် အစရှိသည်တို့ကို သေချာ စစ်ဆေးကြောင်း သိရှိရပါသည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍသည် ဖွံ့ဖြိုးဆဲနိုင်ငံများသာမက  ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်ပါ အရေးပါသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဂျုံစိုက်ပျိုးတင်ပို့ရောင်းချမှုများ ပြုလုပ်ပါက နိုင်ငံခြားဝင်ငွေများရရှိကာ နိုင်ငံတော်ဘဏ္ဍာငွေများ ရရှိနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်ပဝင်ငွေများ  ပိုမိုရရှိနိုင်ရန် တောင်သူများအား အသိပညာ ပေးခြင်းနှင့် သင်တန်းပို့ချခြင်းများ ဆောင်ရွက်ပေးလျက်ရှိနေသည်။                        

 မြသူ၊ စားသုံး(ရန်ကုန်)
Sourse: www.ikisan.com /www.world-grain.com