Main menu

Background

မေလအတွင်း အိန္ဒိယပို့ကုန်ဈေးကွက် တိုးမြင့်လာ

Mon, 07/01/2024 - 16:04 -- journal_editor

ယခုနှစ်   အစောပိုင်းမှစ၍ မေလအထိ အိန္ဒိယ ပို့ကုန်ဈေးကွက်အဆိုအရ အိန္ဒိယ ပို့ကုန် ဈေးကွက် ၉ ဒသမ ၁ ရာခိုင်နှုန်းထိ တိုးတက်မှုရှိပြီး ပို့ကုန်များအနေဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ၊ ဖုန်းနှင့်   ဖုန်းအပိုပစ္စည်းများ  ဖြစ်ကြောင်း အိန္ဒိယအစိုးရ၏ သတင်းအချက်အလက် ဒေတာ များအရ သိရှိရသည်။
မေလအတွင်းတွင်ပင်  သွင်းကုန်အနေဖြင့် လည်း ၇ ဒသမ၇ ရာခိုင်နှုန်း တိုးမြင့်လာပြီး ၆၁ ဒသမ ၉၁ ဘီလီယံ ကျပ်ခန့်  သွင်းကုန်များ တင် သွင်းခဲ့ကြောင်း  ကုန်သွယ်ရေးလိုငွေအနေဖြင့် ၂၃ ဒသမ ၇၈ ဘီလီယံရှိခဲ့ပြီး အိန္ဒိယ စီးပွားရေးပညာ ရှင်များက ၁၉ ဒသမ၅ဘီလီယံထိ  ကုန်သွယ်ရေး လိုငွေပြမှု  တိုးမြင့်နိုင်ကြောင်းREUTERS ၏ စစ်တမ်းအရ သိရှိရသည်။
ယခင်ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၁ ရာခိုင် နှုန်းမှ ၄၃၇ ဘီလီယံသို့ ကျဆင်းသွားသည့် ကုန် ပစ္စည်းတင်ပို့မှုသည် ကမ္ဘာ့ကုန်သွယ်မှုတွင် ခန့် မှန်းထားသော ပြန်လည်ဦးမော့လာမှု၊ ကုန်ထုတ် လုပ်မှုနှင့် ပြည်တွင်းငွေကြေး  ဖောင်းပွမှုအတွက် အစိုးရ၏  မက်လုံးများဖြင့် အထောက်အကူဖြစ် နိုင်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင်  ငွေကြေးဖောင်းပွမှု လျော့ပါးသွားကာ ပိုမိုကောင်းမွန်သော ဝယ်လို အားနှင့် အိန္ဒိယမှသွင်းကုန်များ မြင့်တက်လာနိုင် သည်ဟု ကုန်သွယ်ရေးအတွင်းဝန်Sunil Bharthwal က ကိန်းဂဏန်းများကို ထုတ်ပြန်စဉ်တွင် ပြော ကြားခဲ့သည်။
မေလတွင် ဝန်ဆောင်မှုများ တင်ပို့မှုမှာ ခန့် မှန်းခြေ ဒေါ်လာ ၃၀ ဒသမ ၁၆ ဘီလီယံရှိပြီး သွင်း ကုန်မှာ ကန်ဒေါ်လာ  ၁၇ ဒသမ ၂၈ ဘီလီယံ၊ ဧပြီလတွင် ကန်ဒေါ်လာ ၃၀ ဒသမ ၃၃ ဘီလီယံနှင့် ဒေါ်လာ ၁၆ ဒသမ ၆၃ ဘီလီယံ အသီးသီးရှိသည်။
အာရှ၏တတိယအကြီးဆုံးစီးပွားရေးသည် ဇန်နဝါရီမှ မတ်လသုံးလပတ်တွင် မျှော်လင့်ထား သည်ထက် ၇ဒသမ၈ရာခိုင်နှုန်း အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အား ကောင်းသည့်စွမ်းဆောင်ရည်ဖြင့်  ကူညီပေးခဲ့ သည်။ ဘောဂဗေဒပညာရှင်များက  ယခုနှစ်တွင် အရှိန်အဟုန်ဖြင့် ဆက်လက်တည်ရှိမည်ဟု မျှော် လင့်ထားကြောင်း သိရသည်။
SOURCES-NEW DELHI (Reuters)

အေးငြိမ်းစံ
MDYDOCA