Main menu

Background

ဆန်တန်ချိန် ၈ ဒသမ ၂ သန်းအထိ တင်ပို့နိုင်မည်ဟု ထိုင်းအစိုးရ တိုးမြှင့်ခန့်မှန်း

Tue, 08/06/2024 - 15:45 -- journal_editor

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ အပါအဝင် အဓိကဈေး ကွက်များမှ ဆန်ဝယ်လိုအား မြင့်တက်လာခြင်း၊ ပြည်တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားဖွယ်ရှိပြီး ဘတ်ငွေတန်ဖိုး ကျဆင်းလျက်ရှိခြင်း စသည့် အခြေအနေများအရ ထိုင်းနိုင်ငံ ၏ ယခုနှစ်ဆန်တင်ပို့မှုမှာ ယခင်ခန့်မှန်းထားသည့် တန်ချိန် ၇ ဒသမ ၅ သန်းကို ကျော်လွန်လျက် တန်ချိန် ၈ ဒသမ၂ သန်း အထိ တင်ပို့နိုင်ဖွယ်ရှိမည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုသို့ ဆန်တင်ပို့နိုင်မည့် ပမာဏကို တိုးမြှင့်ခန့်မှန်း ထားသော်လည်း ယခင်နှစ်၌ တင်ပို့ခဲ့သည့် ဆန်စုစုပေါင်း ပမာဏနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၅ ရာခိုင်နှုန်းခန့် လျော့ နည်းနေဦးမည်ဖြစ်သည်။ ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများ ဆုံးဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက် ကာလတွင် ဆန်တန်ချိန် ၅ ဒသမ ဝ၈ သန်း တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် ၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊  ဆန်တင်သွင်းသည့် နိုင်ငံများအနေဖြင့် ပြည်တွင်းစားသုံးရန် နှင့် အရန်ရိက္ခာသိုလှောင်ထားရှိရန်အတွက် ဆန်တင်သွင်း ရန် ဆန္ဒရှိနေကြကြောင်း၊ ဈေးနှုန်းများကြီးမြင့်မှုနှင့် ရာသီဥတု  ခြောက်သွေ့သည့် ဒဏ်၏ သက်ရောက်မှုတို့မှ လျော့ပါးသက် သာစေရေးအတွက် ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အနေဖြင့် ဆန်ဆက်လက် တင်သွင်းသင့်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။ 
ထိုင်းပြည်ပကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ျွသညညမေသညါ ဏ့သသူစငစအေ က ၂၀၂၄ ခုနှစ် ဆန်စပါး စိုက် ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၅ ဒသမ ၇၅ ရာခိုင်နှုန်း ခန့် တိုးတက်ဖွယ်ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောဆိုခဲ့သည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက် ရောက်မှုမှာ လျော့နည်းလာခဲ့ပြီး ယခုနှစ် နောက်ဆုံးသုံးလ ပတ်တွင် ဆန်စပါးထွက်ရှိမှုမှာ မြင့်မားနိုင်မည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မျှော်လင့်ထားသည်။ 
ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် တင်ပို့ရန် ရည် မှန်းထားသော ဆန်တန်ချိန် ရှစ်သန်းကို ကျော်လွန်လျက် ဆန် တန်ချိန် ၈ ဒသမ ၇၇ သန်းတင်ပို့နိုင်ခဲ့ရာ ၂၀၂၂ ခုနှစ်ကထက် ၁၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။
Source: Bangkok Post, 30 July 2024
 UNAL, DOCA