Main menu

Background

နှစ်နိုင်ငံ ဆန်ကုန်သွယ်မှု သဘောတူညီချက် မြန်ဆန်စွာ အကောင်အထည်ဖော်ရေး ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား ဆွေးနွေး

Mon, 09/02/2024 - 10:27 -- journal_editor

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန် သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှု ဆိုင်ရာ နားလည်မှု  စာချွန်လွှာအား  မြန်ဆန်စွာ အကောင်အထည် ဖော်ရေး   သြဂုတ် ၂၂ ရက်တွင် နှစ်နိုင်ငံအကြား သဘောတူ ခဲ့ကြောင်း သိရသည်။
(၅) ကြိမ်မြောက် ကမ္ဘောဒီးယား-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး   ပူးတွဲကော်မရှင် အစည်းအဝေး   JCBC)၏ရလဒ်အားသတင်းထုတ်ပြန်ရာတွင် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်သူSok Chenda Sophea  နှင့် အင်ဒိုနီးရှား  သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူRetno L.P. Marsudi  တို့က နှစ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ တိုးတက်မှုအပေါ် ကျေနပ်အားရဖွယ်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် သြဂုတ် ၂၁ ရက် မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် အဆိုပါJCBC အစည်းအဝေး ၌ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ပူးတွဲသဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ နောက်ဆုံးကျင်းပခဲ့သည့် ကမ္ဘောဒီးယား - အင်ဒိုနီးရှား JCBC ) အစည်းအဝေးမှစ၍ ကဏ္ဍအသီးသီး တွင် တိုးတက်မှုများအပေါ် နှစ်ဖက်နိုင်ငံများအနေဖြင့် ကျေနပ်အားရကြောင်း၊ စီးပွားရေးကဏ္ဍ၌ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ခဲ့သော နှစ်နိုင်ငံ ကုန်သွယ်မှု တည်ငြိမ်စွာ တိုးတက်လာခြင်းကို ကျေနပ်အား ရခဲ့ပြီး ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု  စာချွန်လွှာကို မြန်ဆန်စွာ အကောင်အထည်ဖော်ရေး သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ဖက်နိုင်ငံမှ  ဝန်ကြီးများအနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေး၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သော စိုက်ပျိုး ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး နား လည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး နိုင်ရေးတို့ကို အကောင်အထည်ဖော်နိုင်ရန် အရှိန်မြှင့်တင် ဆောင်ရွက်မည့် ကတိကဝတ်အား ကြေညာခဲ့သည်။
စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ချိတ် ဆက်မှုများ တိုးတက်ရန်နှင့် လွယ်ကူချောမွေ့စေရန် နှစ်နိုင်ငံ ဝန်ကြီးများသည် နှစ်နိုင်ငံ ခရီးသွားမြို့များအကြား တိုက်ရိုက် လေယာဉ်များ   ပျံသန်းနိုင်ရေးကြိုးပမ်းရန်၊  ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  နားလည်မှုစာချွန်လွှာကို အစောဆုံး အဆုံးသတ်ရန်၊ စီယမ်ရတ်ပ်နှင့် ဂျာဗားအလယ် ပိုင်းတို့အကြား ညီအစ်မပြည်နယ်များအဖြစ် ပူးပေါင်းဆောင် ရွက်မှုကို တိုးချဲ့ရန်နှင့် ဖနွမ်းပင်နှင့် အနောက်ဆူမားတြားမြို့ တို့အကြား ညီအစ်မမြို့တော် ဆက်ဆံရေး တည်ထောင်နိုင် တို့ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရန် အတွက် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ) နှင့် အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် သဘောတူညီခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ ဆန်စက်များနှင့် သိုလှောင်ရုံများ ပါဝင် သော စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန်  အင်ဒိုနီးရှားနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ Perum BULOG၏ ရည်ရွယ် ဆောင်ရွက်မှုကိုလည်း အဆိုပါအစည်းအဝေးမှ ကြိုဆိုခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် စွမ်းအင်၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ICT၊ ကျန်းမာရေး၊ မြစ်ဝှမ်း စီမံခန့်ခွဲမှုတွင် ပူးပေါင်းဆောင်ရွက်မှု၊ စက်မှုပူးပေါင်းဆောင် ရွက်မှု၊  ဒီဂျစ်တယ်နည်းပညာ  ပူးပေါင်းဆောင်ရွက်မှုနှင့် အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့် ရေးများအပါအဝင် အခြားသော အဓိကပူးပေါင်းဆောင်ရွက် ရေးကဏ္ဍများအား ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြောင်း၊ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၏ အရေးပါ မှုနှင့် စပ်လျဉ်းသည့် အမြင်များကို ‌ဝေမျှခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာ  ကိစ္စရပ်များကိုလည်း   ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများသည် နိုင်ငံတကာစင်မြင့်တွင်  အပြန်အလှန် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည့် ၎င်းတို့၏သန္နိဋ္ဌာန်ကို အခိုင်အမာ ပြောကြားခဲ့ကြ ကြောင်း၊ အဆိုပါJCBC အစည်းအဝေး၏ သဘောတူညီ ချက်မှတ်တမ်းများကို လက်မှတ်ရေးထိုးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း၊ (၆) ကြိမ်မြောက်f JCBC အစည်းအဝေးကို ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှား၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးRetno L.P. Marsudi သည် သြဂုတ် ၂၁ ရက်တွင် ငြိမ်းချမ်းရေးနန်းတော်၌ ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်မာနက်အား ဂါရဝပြု  တွေ့ဆုံခဲ့ပြီး အဓိကအလားအလာရှိသည့် နယ်ပယ်များဖြစ်သည့် စီးပွား ရေးနှင့်  ကုန်သွယ်မှု၊   စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူချင်း ချိတ်ဆက်မှုအပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် မြှင့်တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရသည်။ 
Source: Khmer Times, 23 August, 2024

 DPTM, DOCA