Main menu

Background

၂၀၂၀အိုလံပစ်တွင် ထည့်သွင်းကျင်းပရန် နပန်းအားကစားနည်း ပြန်လည်ရွေးချယ်ခံရ

Mon, 09/30/2013 - 12:00 -- ydnar

လာမည့် ၂၀၂၀နှင့် ၂၀၂၄အိုလံ ပစ်ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပရန် အားကစားနည်းသစ်တစ်မျိုး ရွေးချယ် ရာ၌ နပန်းအားကစား နည်း ပြန်လည် ရွေးချယ်ခြင်းခံခဲ့ရသည်။၁၈၉၆အိုလံပစ် ပြိုင်ပွဲကတည်းက ပါဝင်ခဲ့သော နပန်း အားကစားနည်းသည် ၂၀၁၆ ပြိုင်ပွဲ အပြီးတွင် အိုလံပစ်အားကစားနည်း အဖြစ်မှ ဖယ်ထုတ်ခြင်းခံရရန်  ယခုနှစ် အစောပိုင်းက ဆုံးဖြတ်ခံထားရသည့် အားကစားနည်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့ကတည်းကပြုလုပ်လျက်ရှိသော (၁၂၅)ကြိမ်မြောက်ှုဥဃညီလာခံတွင်မူ ၂၀၂၀နှင့် ၂၀၂၄အိုလံပစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့်အားကစား နည်းသစ်ကို မဲပေးရွေးချယ်ရာ၌ နပန်း အားကစားနည်းအား ပြန်လည်ထည့် သွင်းရန် ရွေးချယ်ခံရခြင်းဖြစ်သည်။
ညီလာခံအဖွင့်နေ့တွင်တိုကျိုမြို့အား အိမ်ရှင်အဖြစ် ရွေးချယ်ပြီးနောက်နေ့ တွင်မူ အားကစားနည်းသစ်အား မဲ ပေးရွေးချယ်ခဲ့ကြသည်။ ထိုသို့မဲပေးရာ တွင် နပန်းအားကစားက ၄၉မဲဖြင့် အနိုင်ရခဲ့ပြီးဘေ့စ်ဘော/ဆော့ဖ်ဘော က ၂၄မဲနှင့် စကွက်ရှ်အားကစားနည်း  က ၂၂မဲသာရရှိခဲ့သည်။ ယခုလို ပြန် လည်ရွေးချယ်ခြင်းခံရသည့်အတွက် အပြည်ပြည်ဆိုင်ရာနပန်းအဖွဲ့ချုပ် အပါ အဝင် နပန်းအားကစားနည်းနှင့် သက် ဆိုင်သူများက ဝမ်းမြောက်ဝမ်းသာကြို ဆိုခဲ့ကြသည်။
အိမ်ရှင်အဖြစ် တိုကျိုမြို့ ရွေးချယ် ခံရခြင်းကို ဝမ်းသာဂုဏ်ယူကြောင်း ပြောရန် တရုတ်အစိုးရက ငြင်းဆန်ခဲ့ ကြောင်း သတင်းဌာနအချို့က ဖော်ပြခဲ့ ကြသည်။ ကမ္ဘာပေါ်တွင်တွင် ဒုတိယ နှင့် တတိယစီးပွားရေးအင်အားအကြီး ဆုံးနိုင်ငံနှစ်ခုအကြားတွင် အ ရှေ့တရုတ် ပင်လယ်အတွင်းမှ ဂျပန်အခေါ် ဆင် ကာကူ၊ တရုတ်အခေါ် ဒိုင်အိုယုကျွန်း များနှင့်ပတ်သက်၍ သူပိုင်ငါပိုင် အငြင်း ပွားနေကြပြီး တင်းမာမှုများမြင့်တက် လျက်ရှိသည်။ ထိုသို့ နိုင်ငံရေးအရ တင်း မာနေစဉ်တွင်  IOC ၏ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်လိုင်က ဂျပန်အား ကွန်ဂရက် ကျူလေးရှင်းလုပ်၊ မလုပ်ကိစ္စမှာ မိမိတို့ နှင့်မဆိုင်ဘဲ တရုတ်အိုလံပစ်ကော်မတီ နှင့်သာသက်ဆိုင်သည်ဟု ဆိုခဲ့သည်။