Main menu

Background

ပြည်ပဲမျိုးစုံဈေးကွက်မှာ အဓိကအရောင်းအဝယ်ဖြစ်ခဲ့တဲ့ပဲများရဲ့ စက်တင်ဘာလအတွင်း နှစ်အလိုက်ဈေးနှုန်းအခြေအနေ

Tue, 10/14/2014 - 14:27 -- ydnar

ပဲခူးတိုင်းဒေသကြီးပြည်ပဲမျိုးစုံဈေးကွက်မှာယခုနှစ်အတွင်းအဓိကအရောင်းအဝယ်ဖြစ်လျက်ရှိတဲ့ပဲများရဲ့ဈေးနှုန်းအခြေ အနေကို လေ့လာရာမှာ ပဲတီစိမ်းသီးနှံကတော့ မန္တလေးဝယ်လက်ဝယ်လိုအားကောင်းလို့ ဈေးကောင်းရခဲ့ပေမယ့် မတ်ပဲသီးနှံကတော့ရန်ကုန်ဝယ်လက်ရှိပြီး ပဲတီစိမ်းနဲ့ယှဉ်ရင် ဈေးနိမ့်ခဲ့ပေမယ့်ယခင်နှစ်ကဈေးထက်တော့ယခုနှစ် မှာ ဈေးကောင်းရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပဲစင်းငုံသီးနှံမှာလည်း ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့လို့ ယခုနှစ်မှာ

ယခင်နှစ်များကထက် ဈေးပိုရနေခဲ့ပါတယ်။ အခြားပဲများဖြစ်သောကုလားပဲ၊ပဲကြီး၊ပဲပုပ်သီးနှံများကတော့ဒေသတွင်း သာ အများဆုံး အရောင်းအဝယ်ဖြစ်ကြတာကြောင့် ပဲဈေးနှုန်းမှာ ယခုနှစ်အတွင်းဈေးအေးခဲ့တဲ့ ပဲများဖြစ်ကြပါတယ်။ ပဲမျိုးစုံသီးနှံများ၏ စက်တင်ဘာလအတွင်း နှစ်အလိုက်ဈေးနှုန်းနှိုင်းယှဉ်မှုကို လေ့လာရာမှာ အောက်ပါအတိုင်းတွေ့ရ ပါတယ်-မတ်ပဲသီးနှံမှာပဲလက်ကျန်နည်းလို့ ပဲအဝင်လည်းပါးကာ လှောင်ပဲအချို့ ထုတ်ရောင်းချမှုရှိခဲ့ပါတယ်။ ယခု တစ်ပတ်မှာ တစ်တင်း ၂၂၄၀၀ကျပ်ဖြင့်သာရန်ကုန်ဝယ်လက်ဝယ်ယူလျက်ရှိပါတယ်။မတ်ပဲသီးနှံ၏ နှစ်အလိုက်ကာ လတူဈေးနှုန်းများအရ ၂၀၁၂နဲ့ ၂၀၁၃ခုနှစ် စက်တင်ဘာမှာဈေးသိပ်မကွာခြားခဲ့ဘဲယခု ၂၀၁၄ မှာတော့ယခင်နှစ်များ ကထက် ဈေးပိုခဲ့တာကို တွေ့ရပါတယ်။ ပဲတီစိမ်းသီးနှံကတော့ ယခုနှစ်အတွင်းဈေးကောင်းတဲ့ပဲ အမျိုးအစားထဲမှာပါ ဝင်ခဲ့တာကိုတွေ့ရပါတယ်။ ယခင်နှစ်ကစက်တင်ဘာလမှာပဲလက်ကျန်ပြတ်သွားခဲ့ပေမယ့် ယခုနှစ်မှာတော့ ပဲပေါ် ချိန်နောက်ကျခဲ့တဲ့အတွက်စက်တင်ဘာလကုန်အထိ မန္တလေးဝယ်လက်သမားများနဲ့အရောင်းအဝယ်ဖြစ်ခဲ့တဲ့အတွက် ပဲဈေးမှာလည်း တစ်တင်းကို ၃၀၀၀၀ ကျပ်မှ ၃၁၅၀၀ ကျပ်ထိ ရရှိခဲ့ပါတယ်။ ၂၀၁၂ စက်တင်ဘာမှာတော့ တစ်တင်း ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိသာ ဈေးရခဲ့တဲ့အတွက် ပဲတီစိမ်းဈေးမှာ ယခင်နှစ်ကာလတူဈေးထက်ဈေးကောင်းရခဲ့ ပါတယ်။ ကုလားပဲသီးနှံမှာဒေသတွင်းသာအရောင်းအဝယ်ဖြစ်မှုများတာကြောင့်ပဲဈေးနှုန်းများမှာ လည်းနှစ်အလိုက်   နှိုင်းယှဉ်ရာမှာ ၂၀၁၂နဲ့ ၂၀၁၃ စက်တင်ဘာလများတွင် တစ်တင်း ၁၉၈၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်၊ ၁၇၅၀၀ ကျပ်မှ ၁၇၉၀၀ ကျပ်ရရှိခဲ့ကြသော်လည်း ယခုနှစ်မှာတော့ပဲပေါ်ချိန်မှစ၍ ယခုချိန်ထိ ဈေးအေးခဲ့တဲ့အတွက် ယခင်နှစ်များ က ဈေးကိုမမီခဲ့ဘဲ တစ်တင်း ၁၃၀၀၀ ကျပ်မှ ၁၄၂၀၀ ကျပ်ဖြင့်သာ ဒေသတွင်း ပဲခွဲစက်သမားများ ဝယ်ယူခဲ့ကြပါ တယ်။ ပဲစင်းငုံသီးနှံဈေးနှုန်းများအရ ယခုနှစ်မှာ ဈေးကောင်းရခဲ့ပြီး မတ်ပဲနဲ့ တန်းတူနီးပါးဈေးရခဲ့တာကို တွေ့ရပါ တယ်။ ယခုနှစ် စက်တင်ဘာလအတွင်း ပဲစင်းငုံဈေးမှာ တစ်တင်း ၂၁၂၀၀ ကျပ်မှ ၂၃၆၀၀ ကျပ်ထိ ရန်ကုန်ဝယ် လက်များ ဝယ်ယူခဲ့ကြပါတယ်။ ၂၀၁၃ စက်တင်ဘာမှာတော့ တစ်တင်း ၁၆၉၀၀ ကျပ်မှ ၁၇၄၀၀ ကျပ် သာရရှိခဲ့ပြီး ၂၀၁၂ စက်တင်ဘာမှာလည်း ၂၁၃၀၀ ကျပ်ထိ ဈေးကောင်းရခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးသီးနှံများကတော့ နှစ် အလိုက် ဈေးနှုန်းကို နှိုင်းယှဉ်ရာမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာက (ရွှေကျွန်း)တစ်တင်း ၃၆၅၀၀ ကျပ်မှ ၃၇၅၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၃၅၅၀၀ကျပ်မှ ၃၆၅၀၀ ကျပ်ထိ ဈေးကောင်းခဲ့တာကို တွေ့ရပြီး ယခုနှစ်မှာတော့ ၂၀၁၂ ခုနှစ် က ဈေးနှုန်းလောက်သာ ရရှိခဲ့တာကိုတွေ့ရပါတယ်။ ဒေသတွင်း ပဲကြော်ဖိုသမားသာအဝယ်ရှိကြတာကြောင့် ပဲဈေးအေး အရောင်းအဝယ်လည်းအေးခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပဲပုပ်သီးနှံကတော့ အခြားပဲများကဲ့သို့ နှစ်အ လိုက် ဈေးနှုန်းများမှာ သိပ်ပြီးကွာခြားပြောင်းလဲမှုမရှိခဲ့ဘဲ နှစ်စဉ် တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ၂၁၀၀၀ ကျပ်၊ ၂၃၀၀၀ ကျပ်တစ်ပတ်လည်သာ ပဲအဝင်လှိုင်သည့်အချိန်တွင် ရန်ကုန်ဝယ်လက်အဝယ်ရှိပေမယ့်ကျန်တဲ့ ကာလများမှာေ တာ့ ဒေသတွင်းလက်လီသမားများနဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။