Main menu

Background

အဝေးလှမ်းတဲ့ မကွေးနှမ်းများ

Wed, 10/15/2014 - 14:52 -- ydnar

မကွေးတိုင်းဒေသကြီးက မြန်မာပြည်ရဲ့ ဆီအိုးလို့တင်စားခေါ်ရလောက်အောင် ဆီထွက်သီးနှံများဖြစ်တဲ့နှမ်းမြေပဲများစွာ
စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေတဲ့ ဒေသတစ်ခုပါ။ ယခုအချိန် မကွေးတိုင်းဒေသကြီးမှာ နှမ်းများလှိုင်လှိုင်ပေါ်နေပြီဖြစ်ပါ တယ်။အမှန်တကယ်စိုက်ပျိုးတယ်။ လိုအပ်တဲ့သွင်းအားစုကို အချိုးညီညီတစ်ပြိုင်တည်းထည့်ကြတယ်။ဒါပေမဲ့မိုးရွာသွန်းမှု အခြေအနေကြောင့်ထွက်ရှိပုံကတော့ မတူညီကြပါဘူး။ နှမ်းပင်ဖြစ်ထွန်းအောင်မြင်ခက်မဖြာချိန်မှာ မိုးရွာမှုမမှန်ခဲ့လေေ

တာ့ အထွက်ကွာသွားတာဖြစ်ပါတယ်။ မကွေး၊နတ်မောက်၊တောင်တွင်းကြီး၊မြို့သစ်၊ ရေနံချောင်းဒေသတွေမှာတစ်ဧက ၆ တင်းမှ ၈ တင်းအတွင်းထွက်ရှိပေမဲ့ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မင်းလှ၊ သစ်ရာကောက်၊ အောင်လံ စတဲ့ဒေသတွေမှာေ တာ့ တစ်ဧကကို ၁၀ တင်းမှ၁၂တင်းထိ ထွက်ရှိတယ်ဆိုတဲ့ သတင်းများလည်းရရှိပါတယ်။ အရောင်းအဝယ်ဖြစ်ပေ ါ်နေ တဲ့ ဈေးနှုန်းများကတော့ နှမ်းနီတစ်တင်း ၄၄၀၀၀ ကျပ်၊ နှမ်းဖြူ ၄၉၀၀၀ ကျပ်၊ နှမ်းနက် ၅၄၀၀၀ ကျပ်၊ နှမ်းညို ၄၀၀၀၀ကျပ်၊ စမုံနက် ၆၀၀၀၀ ကျပ်ဈေးများ အရောင်းအဝယ်ဖြစ်နေတာ တွေ့ရပါတယ်။ အကွက်မြင်ခြေလှမ်းသွက်တဲ့ ကုန်သည်များ ကတော့ တရုတ်ဝယ်လက်ဆွဲတဲ့ မူဆယ်ဘက်ကိုတိုက်ရိုက်သွားရောက်ရောင်းဝယ်နေကြတယ်ဆိုတဲ့သတင်းများလည်း ရရှိပါတယ်။ဒီနှစ်အနေအထားကသီးနှံအထွက်မတူကြတာဖြစ်လို့လက်ရှိနှမ်းများတက်ဈေးနဲ့အရောင်းအဝယ်ဖြစ်လိမ့်မယ် လို့ ခန့်မှန်းကြကြောင်းလည်း ကုန်သည်ရပ်ဝန်းက သတင်းများရရှိပါတယ်။ ဘာပဲပြောပြော မူဆယ်ထိတိုက်ရိုက်သွားေ ရာက်ရောင်းကြတာဆိုတော့ ''အဝေးလှမ်းတဲ့ မကွေးနှမ်းများ"လို့ပြောရမှာဖြစ်ကြောင်းပါ။