Main menu

Background

အောက်တိုဘာလဆန်း မုံရွာကုန်စည်ဒိုင်ပဲဈေးကွက် စိမ်းကြီးအသစ်အဝင်သွက်လာ

Wed, 10/15/2014 - 15:16 -- ydnar

မုံရွာကုန်စည်ဒိုင် အောက်တိုဘာလဆန်း ပဲမျိုးစုံဈေးကွက်မှာလက်ကျန်ပဲအဟောင်းအားလုံးနီးပါး ဈေးကျအရောင်းအ ဝယ်အေးခဲ့ပြီး၊ စိမ်းကြီးအသစ် အဝင်သွက်လာကာ ဈေးမြောက်လာတာတွေ့ရပါတယ်။ ဒေသတွင်းစိုက်ပျိုးမှု ကွာခြား ချက်အရ ယခုအပတ်မှာ ကနီ၊ မင်းကင်းစတဲ့ ချင်းတွင်းအထက်လိုင်း (ရေလိုင်း)က စိမ်းကြီးတွေ စတင်ဝင်ရောက် လာပြီး တရုတ်အတွက် မန်းလက်ဝယ်လိုအားမြင့်နေတဲ့အတွက် ယခင်တစ်ပတ်ကစိမ်းကြီးတစ်တင်း၃၃၅၀၀ကျပ် သာရှိခဲ့ရာက

ယခုတစ်ပတ်မှာ ၃၅၀၀၀ကျပ်ထိ ဈေးမြှင့်ဝယ်ယူမှုရှိတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ လောလောဆယ်အရောင်းအ ဝယ်အနေနဲ့တစ်ရက်အိတ်၂၀၀ခန့်ဖြစ်နေတယ်လို့သိရပါတယ်။ ငုံနီဈေးကွက်ကတော့ကုန်သည်တွေဆီမှာပဲလက်ကျန်ေ လျာ့လာလို့ ဒိုင်မှာဈေးမြှင့်ရောင်းလိုပေမဲ့ Export ဈေးကွက်ငြိမ်နေလို့ဝယ်လက်ကဈေးနှိမ်ဝယ်ယူ မှုဖြစ်နေတာကြောင့် တစ်ရက်တစ်ဈေးပြောင်းပြီး ဈေးမငြိမ်ဘဲ၊ ယခုအပတ်မှာတစ်တင်း၂၀၈၀၀ ကျပ်ထိကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပေါက်ဈေး ဟာ ပြီးခဲ့တဲ့နှစ်ကာလတူက တစ်တင်း ၁၇၀၀၀ ကျပ်ထက်မြင့်ပေမဲ့ ယခုနှစ်ကုန်သည်တွေ ပဲလှောင်ချိန်က ဈေးမြောက်ခဲ့ လို့ ရောင်းဈေးပိုရချင်တဲ့သဘောနဲ့ ဈေးမြှင့်ဖွင့်နေတာမို့ နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲရံဖန်ရံခါမှအိတ်၂၀၀ခန့်သာ ဖြစ်ခဲ့ တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ မတ်ပဲဈေးကွက်မှာလည်း ကုန်သည် လက်ဝယ်ပဲလက်ကျန်လျော့ေ နပေမဲ့ ဒေသ လုပ်ငန်းသုံးဝယ်လိုအားသာရှိတဲ့အတွက်တဖြည်းဖြည်းဈေးကျလာခဲ့ရာယခုအပတ်မှာတစ်တင်း၂၄၀၀၀ကျပ်သာ ပေါက်ဈေးဖြစ် ခဲ့တယ်လို့ သိရပါတယ်။ စွန်တာနီနဲ့ကသဲပဲလည်း ဆက်လက်ဈေးအေးခဲ့ရာ စွန်တာနီတစ်တင်း  ၁၇၀၀၀ ကျပ်နဲ့ က သဲပဲ တစ်တင်း ၁၇၇၀၀ ကျပ်ပေါက်ဈေးဖြစ်ခဲ့ပြီး ဒေသတွင်းလုပ်ငန်းသုံးနဲ့ပဲလက်လီအဝယ်သာရှိလို့ တစ်ရက်အိတ် ၁၀၀ ခန့် သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကသိရပါတယ်။ ယခုတစ်ပတ် ကုလားပဲမျိုးစုံ ဈေးကွက်အနေနဲ့ ဒေသတွင်း ရှိပဲခွဲစက်၊အမှုန့်ကြိတ်စက်၊ပဲကြာဇံသမားတွေလိုအဝယ်သာရှိခဲ့ပြီး၊ပဲလက်လီနဲ့ပဲကြော်ဖိုအဝယ်ပုံမှန်သာရှိခဲ့လို့ ဈေးအသီး သီး ဆက်လက်အေးခဲ့ရာ ထိုင်ဝမ်တစ်တင်း ၁၃၀၀၀ ကျပ်၊ V2တစ်တင်း ၁၃၄၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၃၀၀၀ ကျပ်အ သီးသီးကျဈေးဖြစ်ခဲ့ပြီး ဝယ်အားပါကျဆင်းခဲ့လို့ တစ်ရက်ကုလားပဲမျိုးစုံ အိတ် ၇၀၀ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။