Main menu

Background

စားသုံးမှုများပြီး မြေပဲဆန်ရှားလာလို့ မြေပဲဆီဈေးမြင့်လာတဲ့ ပြည်ဈေးကွက်

Thu, 05/31/2018 - 14:16 -- journal_editor

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မြေပဲဆီဆန်ရောလုံးဆန်ဈေးပါအနည်းငယ်စီ မြင့်လာတာတွေ့ရပါတယ်။ဝယ်လက်အဝယ်ပြန်ရှိလာလို့ လှောင်ထားတဲ့ မြေပဲဆန်များကိုထုတ်၍ရောင်းချရသဖြင့် ဈေးအနည်းငယ်မြင့်လာတာဖြစ်ပါတယ်။ ဆီဆန် ထဲမှ ရွေးဆန်ကိုဆီစက်သမားများက အကြိုက်တွေ့လို့ အဝယ်ရှိသဖြင့် တစ်နေ့လျှင်အိတ် ၃၀၀ ခန့် အရောင်း အဝယ်ဖြစ်တာတွေ့ရ ပါတယ်။

လုံးဆန်(အနီ)ကိုလည်း မြေပဲလှော်သမားများက အဝယ်ရှိခြင်း၊ လုံးဆန်(အဖြူ)ကို  ရန်ကုန်ဝယ်လက်များက အဝယ်ရှိခြင်း တို့ကြောင့် ဈေးကွက်တွင် အရောင်းအဝယ်အများကြီးမဖြစ်သော်လည်း အနည်းအကျဉ်းသာ  ပုံမှန်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီ ဈေးမှာလည်း တစ်ပိဿာလျှင်  ကျပ် ၅၄၀၀ ဖြင့် ပြည်ဈေးကွက်တွင် မြေပဲဆီကို စားသုံးမှုများနေကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦး ထံမှသိရပါတယ်။      

ဝေေ၀မင်း(ပြည်)