Main menu

Background

ဝင်ရောက်မှုရှိနေသေးပေမယ့် ဝယ်လက်များကြောင့် ပြည်မြေပဲဆန် အရောင်းအဝယ်ဖြစ်

Fri, 06/15/2018 - 15:53 -- journal_editor

ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရခိုင် ပြည်နယ်၊ မာန်အောင်၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့်မင်းတုန်းဘက်မှ တစ်နေ့လျှင်အိတ် ၅၀၀-၆၀၀ ခန့်အထိ ဝင်ရောက်မှုရှိနေပေမယ့် မိုးရွာတဲ့ရက်တွေဆိုလျှင် အဝင်မရှိတာတွေ့ရပါတယ်။ ဆီဆန်ကိုမြို့တွင်းဆီစက်နှင့် ရန်ကုန်ဆီစက်များက အဝယ်ရှိပြီး လုံးဆန်(အဖြူ)ကို ရန်ကုန်ဆီစက်နှင့်လုံးဆန်(အနီ)ကို မြေပဲလှော်ဖိုနှင့်အကြော်ဖိုများက ဝယ်ယူမှုရှိသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးမှာဆီဆန် တစ်ပိဿာလျှင် ကျပ် ၂၁၀၀၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၃၅၀နှင့်လုံးဆန် (အနီ) တစ်ပိဿာလျှင် ကျပ်၂၃၀၀ ဖြင့် တစ်နေ့လျှင် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ပေမယ့် မိုးရွာတဲ့နေ့ဆိုလျှင် အရောင်းအဝယ်မဖြစ်တာ တွေ့ရပါတယ်။

ဝေေ၀မင်း(ပြည်)