Main menu

Background

ပြည်ဈေးကွက်တွင် လက်ကျန်ရှားလို့ နှမ်းဈေးပြန်မြင့်

Fri, 06/29/2018 - 13:14 -- journal_editor

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနီလက်ကျန် ရှားလို့ အရောင်းအဝယ်မဖြစ်ပေမယ့် ဈေးမြင့်လာတာ တွေ့ရ ပါတယ်။ မန္တလေးဝယ်လက်များကြောင့် နှမ်းနက်နှင့် စမုံနက် နှမ်းဈေးမှာလည်း ယခင်တစ်ပတ် ကထက် ဈေးမြင့်လာတာ တွေ့ရပါတယ်။

အရောင်းအဝယ်မှာလည်း တစ်ခါတစ်ရံ အရောင်း အဝယ်ဖြစ်လျှင် အိတ် ၁၀၀-၁၅၀ ခန့် အရောင်းအဝယ်ဖြစ် တာတွေ့ရပါတယ်။ မိုးနှမ်းများ ပေါ်ခါနီးလို့ ဝယ်လက်အဝယ် နည်းသွားသော်လည်း ဈေးမြင့်လျက်ရှိပါတယ်။ ယခုတစ်ပတ် နှမ်းဈေးများမှာ နှမ်းနီသုံးတင်းတစ်အိတ်လျှင် ကျပ် ၁၁၈၀၀၀ ဖြင့် ယခင်တစ်ပတ်ကထက် ကျပ် ၃၀၀၀ မြင့်လာပေမယ့် ပစ္စည်းမရှိလို့ အရောင်းအဝယ်မဖြစ်တာ တွေ့ရပါတယ်။ နှမ်းနက် သုံးတင်း တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ ဖြင့် ယခင်တစ်ပတ်ကထက် ကျပ် ၅၀၀၀ ဈေးမြင့် လာသလို စမုံ နက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ ဖြင့် ယခင် တစ်ပတ်ကထက် ကျပ် ၂၀၀၀ ဈေးမြင့်လာတာ တွေ့ရပါတယ်။

ဝေေ၀မင်း(ပြည်)