Main menu

Background

စားအုန်းဆီရောင်းချမှုသတင်းစဉ်

Tue, 09/21/2021 - 09:53 -- journal_editor

              မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ၂၀-၉-၂၀၂၁ ရက် မှ စတင်ပြီး တိုင်းဒေသကြီး/ပြည်နယ် ဒေသအသီးသီးရှိ လက်လီ/ လက်ကား ရောင်းချသူများသို့ စားအုန်းဆီ တစ်ပိဿာလျှင် လက်ကားဈေး (၃၇၀၀)ကျပ်ဖြင့် နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စတင် ရောင်းချသည့်နေ့တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ လာရောက်ဝယ်ယူသည့်ပမာဏမှာ (၂၇၅,၀၀၀) ပိဿာ၊ တန်ချိန် (၄၅၀) ခန့်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ လက်လီဈေးများတွင် ဖြန့်ဖြူးရောင်းချသူများမှ စတင်ဝယ်ယူဖြန့်ဖြူးလျက်ရှိကြောင်း၊ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များ သို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင်အကျိုးအမြတ် (၂%) ထက် မပိုသည့်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ သို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည် ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများ ပိုမိုအဆင်ပြေစေရေးအတွက် အသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးရန်လည်း စီစဉ်လျက်ရှိပြီး စားသုံးသူပြည်သူများသို့ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချ ပေးမည့်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ အမှတ်(ခ/၈၁-၈၂)၊ ကံ့ကော်လမ်းမကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ ဖုန်းနံပါတ်၊ ၀၉၄၄၄၄၃၇၂၉၅၊ ၀၉၄၀၁၅၂၇၀၄၉ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။