Main menu

Background

မုံရွာမြို့တွင် ဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ဈေးနှုန်းအခြေအနေ

Wed, 09/28/2022 - 14:27 -- journal_editor

စက်တင်ဘာလ တတိယပတ်တွင် မုံရွာမြို့၌ ဖြစ်ပေါ် နေသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ပဲစင်းငုံသီးနှံဈေး ဆက်လက်မြင့်တက်နေပြီး မတ်ပဲ၊ ပဲတီစိမ်း(ကြီး)၊ ဆန်ပြောင်း ဖြူနှင့် (cp) ဈေးငြိမ်နေကာ ဂျုံ၊ ကုလားပဲ(မျိုးစုံ)နှင့် ပြောင်းနီ ဈေးနှုန်းများ  ဈေးကျသွားကြောင်း သိရသည်။ စက်တင်ဘာလ တတိယအပတ်တွင်း ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၆၄၀ဝ၀၊ ၆၃၀ဝ၀၊ ဂျုံထွက်တိုးတစ်တင်း လျှင် ကျပ် ၆၃၅၀ဝ ပေါက်ဈေးရှိသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၆၇၀ဝ၀-၆၆၀ဝ၀၊ ဂျုံထွက်တိုး တစ်တင်း လျှင်  ကျပ် ၆၅၀ဝ၀ ရှိ၍ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ဂျုံဖြူသန့်တစ်တင်းလျှင် ကျပ် ၃၀ဝ၀ ကျပ်၊ ဂျုံ ထွက်တိုး တစ်တင်းလျှင်  ကျပ် ၁၅၀ဝ ခန့် ကျဆင်းသွားကြောင်း သိရသည်။ 
ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်း (ကြီး)သီးနှံ တစ်တင်း ပေါက်ဈေးနှုန်းမှာ  ကျပ် ၆၇၀ဝ၀၊ ၆၄၀ဝ၀ နှင့် ၅၀ဝ၀ဝပေါက် ဈေးရှိသည်။ ယခင်တစ်ပတ်ပေါက်ဈေးမှာ ပဲစင်းငုံ တစ်တင်း လျှင်  ကျပ် ၆၅၀ဝ၀၊ မတ်ပဲတစ်တင်းလျှင်  ကျပ် ၆၄၀ဝ၀၊ ပဲတီစိမ်း(ကြီး) တစ်တင်းလျှင်  ကျပ် ၅၀ဝ၀ဝ ရှိ၍ ယခုတစ်ပတ် နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက ပဲတီစိမ်း(ကြီး)နှင့် မတ်ပဲဈေး ငြိမ်လျက်ရှိပြီး ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၂၀ဝ၀  မြင့်တက် သွားကြောင်း သိရသည်။ ကုလားပဲမျိုးစုံတွင် ကုဖြူလုံးကြီး တစ်တင်းလျှင်  ကျပ် ၆၄၀ဝ၀၊ ကုလားပဲဖြူလုံးသေး  ကျပ် ၅၀ဝ၀ဝ ၊ ၉၂၉  ကျပ် ၆၁၀ဝ၀ ပေါက်ဈေးရှိပြီး  ယခင်တစ်ပတ်အတွင်း ဆန်ပေါက် ဈေးနှုန်းများမှာ  ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်  ကျပ် ၉၅၀ဝ၀၊ ကုလားပဲဖြူလုံးသေး  ကျပ် ၇၁၀ဝ၀၊ ၉၂၉  ကျပ် ၆၄၅၀ဝ ပေါက်ဈေးရှိ၍ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်း ယှဉ်ပါက ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်  ကျပ် ၅၅၀ဝ၊ ကုလာူပဲဖြူလုံးသေး တစ်တင်းလျှင် ကျပ် ၆၀ဝ၀ နှင့် ၉၂၉ တစ်တင်းလျှင်  ကျပ် ၃၅၀ဝ နှုန်း ကျဆင်းသွားကြောင်း သိရ သည်။ 
ယခုတစ်ပတ်တွင် ပြောင်းဖူးစေ့ (cp) တစ်တင်းလျှင်  ကျပ် ၁၇၈၀ဝ၊ ပြောင်းနီတစ်တင်း ကျပ် ၁၇၀ဝ၀၊ ဆန်ပြောင်း ဖြူတစ်တင်း  ကျပ် ၁၈၀ဝ၀ ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ပေါက်ဈေးနှုန်းများမှာ ပြောင်းဖူးစေ့(cp) တစ်တင်းလျှင်  ကျပ် ၁၇၈၀ဝ၊ ပြောင်းနီတစ်တင်း ကျပ် ၁၇၅၀ဝ၊ ဆန်ပြောင်းဖြူ တစ်တင်း  ကျပ် ၁၈၀ဝ၀ ရှိ၍ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ဆန်ပြောင်းဖြူနှင့် (cp)ဈေးငြိမ်နေကြောင်း၊ ပြောင်းနီတစ်တင်းလျှင် ကျပ် ၅၀ဝ ကျဆင်းလာကြောင်း သိရှိ ရသည်။မုံရွာမြို့တွင် စက်တင်ဘာလ တတိယပတ်၌ ဆီထွက် သီးနှံ၏ ပေါက်ဈေးနှုန်းများမှာ နှမ်းနက်သီးနှံများ ဈေးငြိမ်နေ ပြီး နှမ်းညိုနှင့် မြေပဲလုံးဆံများ အနည်းငယ်ကျဆင်းသွားသည်။ နှမ်းဖြူ တစ်တင်းလျှင် ကျပ်  ၅၀ဝ၀ဝ-၈၀ဝ၀ဝ၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀-၈၀ဝ၀ဝ၊ နှမ်းညို တစ်တင်းလျှင်  ကျပ် ၈၂၅၀ဝ  ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ ကျပ် ၁၀ဝ၀ဝ၀-၉၅၀ဝ၀၊ နှမ်းနက် တစ်တင်းလျှင်  ကျပ် ၉၅၀ဝ၀-၈၀ဝ၀ဝ၊ နှမ်းညိုတစ်တင်းလျှင်  ကျပ် ၈၄၀ဝ၀ ပေါက်ဈေးရှိ၍ ယခု တစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက နှမ်းနက် ဈေးငြိမ် နေပြီး နှမ်းညို တစ်တင်းလျှင် ကျပ် ၁၅၀ဝ ခန့်နှင့် နှမ်းဖြူ တစ်တင်းလျှင်  ကျပ် ၅၀ဝ၀ ကျဆင်းလာကြောင်း သိရသည်။
စက်တင်ဘာလ တတိယပတ်တွင် မြေပဲလုံးဆံပေါက် ဈေးနှုန်းများမှာ လုံးဆန်ဖြူ တစ်ပိဿာ ၅၆၀ဝ-၅၃၀ဝ ကျပ်၊ ဆီဆန်ဖြူ တစ်ပိဿာ ကျပ် ၅၂၀ဝ-၅၁၀ဝ ရှိပြီး ယခင်တစ်ပတ် အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ လုံးဆန်ဖြူ တစ်ပိဿာ ၆၂၀ဝ ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ ၅၄၀ဝ ကျပ် ပေါက်ဈေးရှိသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ် ပါက မြေပဲလုံးဆန်ဈေးနှုန်များ ကျဆင်းလာကြောင်း သိရှိရ သည်။ မုံရွာကုန်စည်ဒိုင်၏ ဆီဈေးနှုန်းမှာ ပဲဆီ တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ-၉၅၀ဝ နှင့် နှမ်းဆီ တစ်ပိဿာ  ကျပ် ၁၁၀ဝ၀-၁၀ဝ၀ဝ ပေါက်ဈေးရှိသည်။   
ဇေယျာကုန်သွယ်မှုဗဟိုဌာန