Main menu

Background

စားအုန်းဆီသင်္ဘောများ ဝင်ရောက်

Wed, 10/12/2022 - 12:01 -- journal_editor

ပြည်ပမှ မြန်မာနိုင်ငံအတွင်း တင်သွင်းလာသော စားအုန်းဆီ  (RBD PALM OLEIN OIL)  သင်္ဘောများ စက်တင် ဘာလအတွင်း သင်္ဘောခြောက်စင်း၊ တန်ချိန် ၂၈၀၃၈ ဒသမ ၇၅၅ တန် ဝင်ရောက်ခဲ့သည်။ အောက်တိုဘာ ၄ ရက်တွင် ထီးတန်းဆိပ်ကမ်း၌ MT.Senar Morotae V.26/2022  သင်္ဘောဖြင့် စားအုန်းဆီတန်ချိန် ၃၁၇၀ တန်နှင့် အောက်တိုဘာ ၅ ရက်တွင် သီလဝါ  WILMAR  MYANMAR  INTERNATIONAL  PORT တွင်MT.Royal 79 V.14/22  သင်္ဘောဖြင့် တန်ချိန် ၆၄၉၉ တန် စုစုပေါင်း ၉၆၆၉ တန် ဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် စားအုန်းဆီသင်္ဘော နှစ်စင်း၊ တန်ချိန် ၈၆၀ဝ ထပ်မံဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
MITS (Import Section)