Main menu

Background

ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံရေး

Fri, 10/28/2022 - 13:53 -- journal_editor

ကသာခရိုင်၏ ဆီထွက်သီးနှံများနှင့်ပတ်သက်ပြီး   မြေပြင်ကိန်းဂဏန်းအချက်အလက်များအရ ခရိုင်တွင်း လူဦးရေ၏ တစ်နှစ် စားသုံးမှုမှာ ၂၄၇၂၆၃၇ပိဿာဖြစ်ပြီး  တစ်နှစ်ဆီပိဿာအထွက်နှုန်းမှာ ၉၂၇၇၂၈၈၇ ပိဿာဖြစ်သောကြောင့် ၉၀၃၀ဝ၂၅၀ ပိဿာ ပိုလျှံလျက်ရှိကြောင်း၊ ရာခိုင်နှုန်းမှာ ၉၇ဒသမ ၃၃ရာခိုင်နှုန်းပိုလျှံကြောင်း စိစစ်တွေ့ရှိရသည်။ကသာခရိုင်အတွင်း SMEs ဆီစက်များ၏တည်ရှိမှု၊ ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် စားသုံးဆီအသုံးပြု ကုန်ထုတ် လုပ်ငန်း များ အား လေ့လာကြည့်မည်ဆိုပါက ခရိုင်တွင်းမြို့နယ်များဖြစ်သည့်ကသာမြို့နယ် တွင် ဆီစက်၃၂စက်၊အင်းတော်မြို့နယ်တွင် ၅၆စက်၊ ထီးချိုင့်မြို့နယ်တွင်၃၅ စက်နှင့် ဗန်းမောက်မြို့နယ် တွင် ခုနစ်စက် စုစုပေါင်း ၁၂၉ စက်ရှိပြီး ဆီစက် များ မှာတစ်နှစ်လျှင် တန်၆၀ ကြိတ်ထုတ်နိုင်သောဆီစက် များဖြစ်ကြောင်းစက်မှုလုပ်ငန်းဦးစီးဌာန၏စာရင်းများ အရ သိရသည်။ အဆိုပါဆီစက်အရေအတွက်နှင့် ကြိတ်ခွဲအားအရ ဆီစက်များနှစ်ပေါက်ဆီကြိတ်ခွဲထုတ်လုပ်လျှင် တစ်နှစ် တန် ချိန် ၇၇၄၀ ဖြစ်ပြီး  ပိဿာ ချိန်အရ ၄၈၃၇၅၀ဝ အထိရှိကြောင်း တွေ့ရှိရ သည်။ အဆိုပါ ကြိတ်ထုတ်အားအရ ခရိုင်အတွင်း ကျန်းမာ ရေးနှင့်ညီညွတ်သော မြေပဲဆီကို နှစ်ပေါက်လုံလုံလောက်လောက် ကြိတ်ထုတ်နိုင်သော အင်အား ရှိ သော်  လည်း ခရိုင်အတွင်းရှိ ပုံမှန်ဆီစက်လုပ်ငန်းလုပ်ကိုင်နေသောဆီစက်များမှာ လက်ချိုးရေတွက်၍ရသောအခြေအနေသာရှိသည်။ ဆီစက်လုပ်ငန်းရှင်များ၏တစ်ဆင့် စကားများအရအရင်းအနှီးမရှိကြောင်း၊ စားအုန်းဆီဈေးကွက် ကို ထိုးဖောက်၍ မရကြောင်းသိရသည်။  MSEs ကိစ္စနှင့်ကြုံကြိုက်၍  တင်ပြချင်ပါ သည်။ လုပ်ငန်းရှင်များအနေဖြင့် အရင်းအနှီးချေးငွေလိုချင်ကြောင်း တဖွဖွ ပြောကြသည်။ ချေးငွေရယူပြီး ပါက စီမံခန့်ခွဲမှု မကျွမ်းကျင်လျှင်၊ဈေးကွက်အခြေ အနေ မကောင်းလျှင် ချေးငွေများ ပိုက်ဘောမိသလို ဖြစ်နေတတ်သည်ကို သတိထားရမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင်လည်းSMEsချေးငွေများ ပိုက် ဘောမိနေသော လုပ်ငန်းရှင်များရှိနေသည်ကိုမြင်တွေ့နေရသည်။ခရိုင်တွင်း စား သုံးဆီသုံးကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေများကို လေ့လာကြည့်မည်ဆိုပါကမြေပြင်စာရင်းအရ လုပ်ငန်းပေါင်း၁၃၉ မျိုးရှိပြီး နေ့စဉ်စားသုံးဆီသုံးစွဲမှုပမာဏ ၂၀၈၅၀ ပိဿာရှိ ကြောင်းတွေ့ရှိရသည်။အဆိုပါသုံးစွဲဆီမှာ တန်ဖိုး နည်း စားအုန်းဆီများဖြစ်ကြသည်။ သို့သော်လည်း ခရိုင်အတွင်း စားသုံးဆီအခြေ အနေများတွက်ချက်မည်ဆိုပါက  ပစ်ပယ်ထား၍  မရသောအပိုင်းဖြစ် သည်။                              

         (ဆက်လက်ဖော်ပြပါမည်)