Main menu

Background

ပြည်ခရိုင်တွင် နေကြာများ စိုက်ပျိုးထုတ်လုပ်မှုနှင့်ဈေးနှုန်းဈေးကွက်

Tue, 11/22/2022 - 14:36 -- journal_editor

ပြည်ခရိုင်အနေဖြင့် နေကြာကိုမိုးနေကြာနှင့် ဆောင်းနေကြာဟူ၍စိုက် ပျိုးကြသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော  မြေပဲ၊ နှမ်း တို့ကိုစိုက်ပျိုးကြသကဲ့သို့ နေကြာသီးနှံသည်လည်း ဆီဖူလှုံရေးအတွက် စိုက်ပျိုးသင့် သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ နေကြာသီးနှံကို စိုက်ပျိုးမည် ဆိုလျှင် မျိုးကောင်းမျိုးသန့်ဖြစ်သော ရေဆင်းစပ်   မျိုးနေကြာနှင့် ဆင်း ရွှေကြာ-၂တို့ကို ရွေးချယ်၍ စိုက်ပျိုးသင့်သည်။
နေကြာကို သီးသန့်ဖြစ်စေ၊ သီးညှပ်ဖြစ်စေ စိုက်ပျိုးကြပြီး လယ်မြေများ တွင် စပါးစိုက်ပျိုးပြီးချိန်တွင် စိုက်ပျိုးကြသလို  ယာမြေနှင့်ကိုင်းကျွန်းမြေများ တွင် မိုးသီးနှံရိတ်သိမ်းပြီးချိန်တွင် စိုက်ပျိုးကြသည်။  နေကြာကို စက်တင်ဘာ လနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးကြပြီး မြေအစိုဓာတ်ရရှိသော  နိုဝင် ဘာလနှင့်ဒီဇင်ဘာလတို့တွင်လည်း စိုက်ပျိုးကြသည်။ ပြည်ခရိုင်တွင် မိုးနေ ကြာ စိုက်ဧကမှာ ၄၈၄ဧကရှိပြီး ရိတ်သိမ်းဧကမှာ ၃၉၀ဧက ရိတ်သိမ်းနိုင်ခဲ့ သည်။ အထွက်နှုန်းအနေဖြင့်  ၁၁ ဒသမ ၃၈ တင်းခန့်ထွက်ရှိပြီး အထွက်တင်း အနေဖြင့် ၄၄၃၇ တင်း ထွက်ရှိသည်ဟု သိရသည်။  ယခုအချိန်တွင် ဆောင်း နေကြာများ စတင်စိုက်ပျိုးနေပြီဖြစ်သဖြင့် ပေါက်ခေါင်းမြို့နယ်တွင် ၂၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၁၁၇ဧကနှင့်ရွှေတောင်မြို့နယ်တို့တွင် ဧက ၈၀ စိုက် ပျိုးပြီးဖြစ်သည်။ ပြည်ခရိုင်အနေဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာ ဆီစိုက်ပျိုးထုတ်လုပ်နိုင်ရန်  ဧကများ ထပ်မံတိုးချဲ့စိုက်ပျိုးရန်  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နေကြာစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ရာသီဥတုရေ/မြေသဘာဝ နှင့်အထူးသင့်လျော်ပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် နည်းပါးခြင်း၊အထွက် နှုန်းကောင်းမွန်ခြင်းနှင့် ဆီအထွက်နှုန်း ကောင်းမွန်ခြင်းတို့ကြောင့်  ပြည်တွင်း စားသုံးဆီဖူလှုံရေးအတွက် အထောက်အကူပြုသော သီးနှံဖြစ်သည်။ ထွက်ရှိ လာသော နေကြာစေ့များကို နီးစပ်ရာ ပွဲရုံများသို့လည်းကောင်း၊ ဆီစက်များ သို့လည်းကောင်း တစ်တင်းလျှင် ၂၅၀ဝ၀ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။
ယခင်က ပြည်ပမှ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် တင်သွင်း လာသောကြောင့် နေကြာဆီကို စားသုံးမှု လျော့နည်းလာသဖြင့် နေကြာစိုက် ပျိုးထုတ်လုပ်သူ၊ နေကြာဆီကြိတ်ခွဲ ထုတ်လုပ်သူများ မရှိသလောက် နည်းပါး သွားကြောင်းသိရသည်။ ယခုနှစ်ပိုင်းတွင် ပြည်ပမှ တင်သွင်းလာသော စား အုန်းဆီဈေးများ မြင့်တက်လာသဖြင့် မြေပဲ၊ နှမ်းနှင့် နေကြာများကို ဆီကြိတ်ခွဲ ထုတ်လုပ်မှု များလာခဲ့သည်။  နေကြာဆီကြိတ်ခွဲထုတ်လုပ်ရာတွင် နေကြာ တစ်တင်းကို   ဆီကြိတ်ခွဲထုတ်လုပ်လျှင် နေကြာဆီ  သုံးပိဿာခန့်ထွက်ရှိပြီး နေကြာကြိတ်ဖတ် ငါးပိဿာခန့်ထွက်ရှိသည်။ နေကြာဆီတစ်ပိဿာလျှင်ကျပ် ၁၁၀ဝ၀ဖြင့် ပြည်ဈေးကွက်တွင် ရောင်းချပြီး တချို့သောကျန်းမာရေးလိုက်စား သူများနှင့် ဆီးချို၊ သွေးချို၊ သွေးတိုးသမားများက  ဝယ်ယူစားသုံးကြသဖြင့် မြေပဲဆီနှင့် နှမ်းဆီတို့နှင့် ဈေးတန်းတူနေကြောင်း သိရသည်။   ထွက်ရှိလာ နေကြာစေ့များကို နေကြာအစုအဖွဲ့များ  ဖွဲ့စည်းပြီး ဆီစက်လုပ်ငန်းရှင်များနှင့် ကုန်သည်များထံသို့ ဒေသပေါက်ဈေးဖြင့် ရောင်းချသွားကြောင်း သိရ သည်။                                   

 ဝေဝေမင်း(ပြည်)