Main menu

Background

မြို့သစ်မြို့နယ်အတွင်း  ဆီထွက်သီးနှံ(မိုး)နေကြာ  အောင်မြင်ဖြစ်ထွန်း

Fri, 12/09/2022 - 10:44 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထားသော ဆီထွက်သီးနှံ(မိုး)နေကြာ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ဆီထွက်သီးနှံ (မိုး)နေကြာနှင့်   (ဆောင်း)နေကြာ စုစုပေါင်း ၄၀၆၂ ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ်အတွင်း ယခုနှစ်ဆီထွက်သီးနှံ (မိုး)နေကြာကို သီးသန့်/ သီးညှပ် ၄၀၁၄ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး (ဆောင်း)နေကြာသီးနှံကို ၄၈ ဧက ကျော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်အတွင်း သီးနှံများ စိုက်ပျိုးရာတွင် တစ်နှစ်ကို သီးနှံ သုံးသီးစိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ရန်၊ စိုက်ပျိုးသော သီးနှံများအားလုံး အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးနှင့် သီးနှံအရည်အသွေးကောင်းမွန်စေရေးတို့အတွက် မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်း လိုအပ်သောမျိုးကောင်းမျိုးသန့်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ပံ့ပိုးသွားမည်ဖြစ်ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ အစဉ်အမြဲ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ဆယ်မောင်(မြို့သစ်)