Main menu

Background

ပြည်ဈေးကွက်တွင် မြေပဲဆန်နှင့် မြေပဲဆီဈေး မြင့်တက်လာ

Tue, 02/21/2023 - 11:45 -- journal_editor

ပြည်ဈေးကွက်သို့ ယခုဖေဖော်ဝါရီ ဒုတိယပတ်တွင် မြေပဲ ဆန်များကို ရွှေတောင်(ကျွန်းတဲ)၊ ကံမနှင့် မင်းတုန်း ဘက်မှ နေ့စဉ်ဝင်ရောက်မှုမရှိဘဲ ရက်ခြားသာဝင်ရောက်မှုရှိပြီး တစ်ခါဝင်ရောက် လျှင် အိတ် ၂၀ဝ၀ ခန့်ဝင်ရောက်မှုရှိကြောင်း သိရသည်။

ဝင်ရောက်လာသည့်  မြေပဲဆန်များကို  ဒေသတွင်း ဆီစက်လုပ်ငန်းရှင်နှင့် ပဲကြော်ဖိုသမားများက အဝယ်ရှိသလို အညာဒေသဖြစ်သော မကွေး၊ မြင်းခြံ၊ ပခုက္ကူနှင့် မန္တလေး ဘက်မှ ဝယ်ယူမှုရှိသဖြင့် ဝင်သလောက် အရောင်းအဝယ်ဖြစ် သည်။ မြေပဲဆန် ဝယ်လိုအားကောင်းလာသဖြင့် ဈေးနှုန်းများ လည်း မြင့်တက်လာသည်။

ယခုတစ်ပတ် မြေပဲဆန်ဈေးများမှာ ဆီကြိတ်မြေပဲဆန် (အဖြူ) တစ်ပိဿာလျှင် ကျပ်  ၅၆၀ဝ ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၆၆၀ဝ ဖြင့် ယခင်တစ်ပတ်ကထက် ကျပ် ၁၀ဝ၀ ဝန်း ကျင်ခန့် ဈေးမြင့်တက်လာခဲ့သည်။

ထို့အတူ မြေပဲလုံးဆန်ဈေးမှာ (အဖြူ)တစ်ပိဿာလျှင် ကျပ် ၆၁၀ဝ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၇၁၀ဝ ဖြင့် ယခင် တစ်ပတ်ထက် ကျပ် ၅၀ဝခန့် ဈေးနှုန်းများ မြင့်တက်လာခဲ့ သည်။ မြေပဲဆီကြိတ်သော ဆီဆန်ဈေးမှာ မြင့်တက်လာခဲ့ သဖြင့် မြေပဲဆီဈေးလည်း မြင့်တက်လာခဲ့သည်။ မြေပဲဆီဈေး မှာ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ ဈေးထိ မြင့်တက်လာခဲ့သဖြင် ယခင်လတွင် မြေပဲဆီတစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀ ဈေးရှိခဲ့၍ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ခန့် ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။             

ဝေဝေမင်း(ပြည်)