Main menu

Background

ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှု အမေရိကန်ဒေါ်လာ ၈၃ သန်းကျော်ရရှိ

Thu, 01/19/2023 - 13:02 -- journal_editor

ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၇၄၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၉၉၅၅၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၆၁၉၀ခန့်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၃၃၆၀ ခန့် တင်ပို့ခဲ့သည်။ 
ဆန်တင်ပို့သောနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၁၈၄၁၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၂၆၁၀ဝ ၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၅၈၆၀ ၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၄၈၀ဝ၊ မလေးရှားနိုင်ငံသို့  ဆန်တန်ချိန် ၆၂၀ ကျော်၊ ဟောင်ကောင်သို့ ဆန် တန်ချိန် ၃၀ဝ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၇၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၇၅၅၀ ၊ စပိန်နိုင်ငံသို့  ဆန်တန်ချိန် ၄၉၂၀ ကျော်၊ တူရကီနိုင်ငံသို့ ဆန်တန်ချိန် ၄၀၉၀၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၂၇၅၀၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၄၄၀၊ ပေါ်တူဂီနိုင်ငံသို့ ဆန် တန်ချိန် ၂၃၇၀ ကျော်၊ အင်္ဂလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၉၅၀ တန်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ဝ၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၄၀ဝ၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၉၂၀ ကျော်၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၁၀၅၀၊ ခရိုအေးရှား၊ လက်ဘနွန် နှင့် ဂျာမနီနိုင်ငံတို့သို့ ဆန်တန်ချိန် ၅၀ဝ စီ၊  နယ်သာလန်နိုင်ငံနှင့် ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ စီ၊ ပြင်သစ်နိုင်ငံသို့ ဆန်တန်ချိန် ၃၅၀ နှင့် အခြားနိုင်ငံများသို့လည်း အနည်းငယ် တင်ပို့ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၈၅၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၄၀၂၀ဝ ကျော် တင်ပို့နိုင်သဖြင့် နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှု စုစုပေါင်းတန်ချိန် ၁၃၉၇၅၀ ဖြစ်သည်။ နိုဝင်ဘာလအတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၁၅၇၉၅၀ ကျော်ဖြစ်သဖြင့်  ယခုလတွင် ဆန်တန်ချိန် ၁၈၂၀ဝ ကျော် လျော့နည်းခဲ့သည်။
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၂၇၀ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၄၇၀၅၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၉၆၀ဝ ကျော် နှင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၄၅၀ ခန့် တင်ပို့ကြောင်း သိရသည်။
ဒီဇင်ဘာလအတွင်း မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၃၅ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၈၅၄၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် မြန်မာ-တရုတ် နယ်စပ်မှ ဆန်ကွဲတန်ချိန် ၂၇၂၀ဝ ကျော်နှင့် မြန်မာ-ထိုင်းနယ်စပ်မှ ဆန်ကွဲတန်ချိန် ၁၃၃၀ ကျော် တင်ပို့ကြောင်းသိရသည်။ နည်းလမ်းနှစ်သွယ်မှ စုစုပေါင်း ဆန်ကွဲတင်ပို့မှုတန်ချိန် ၇၅၆၀ဝ ခန့် ရှိပြီး အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၁၅၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှု တန်ချိန် စုစု ပေါင်း ၂၁၅၃၄၀ ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၈၃ဒသမ ၁၀၇ သန်း ရရှိခဲ့သည်။ 
အေးအေးသန့် (DOT)