Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှု အခြေအနေ

Fri, 03/03/2023 - 10:53 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၁ ရက် မှ ၁၇ ရက်ထိ ကာလအတွင်း  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ဝ၁၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၆၁ သန်း၊ ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၃၇ ဒသမ ၅၇၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင် တစ်ပတ် ဆောင်ရွက်မှုအခြေအနေနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၃ သန်း လျော့နည်းခဲ့ပြီး ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၄၄ သန်း လျော့နည်းခဲ့ ကြောင်းသိရသည်။
ယခုတစ်ပတ်တွင် ပို့ကုန်ပိုင်းတွင်လျော့နည်းရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်း၊ ‌ရေထွက်ပစ္စည်းများနှင့် အခြားပစ္စည်းတင်ပို့မှုတွင် ပို့မိုခဲ့သော်လည်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စု၊ တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စု နှင့်စက်မှုကုန်ချောပစ္စည်းအုပ်စု တို့ တင်ပို့မှုတွင် လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန် ပိုင်းအနေဖြင့် ယခုတစ်ပတ်တွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ၇၁၀ သန်း ပိုမိုခဲ့သော်လည်း ရင်းနှီးမြှုပ်နှံပစ္စည်းအုပ်စုတွင် သုည ဒသမ ၈၂၅ သန်း၊ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်‌ ဒေါ်လာ ၂ ဒသမ ၉၁၈ သန်း  လျော့နည်းခဲ့ကြောင်း သိရ သည်။
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ယခုတစ်ပတ် ကုန် သွယ်မှု၌  ပို့ကုန်အမယ်ဖြစ်သော  မြေပဲဆန်၊ မန်ကျည်းသီး၊ နှမ်းဖြူ၊ နှမ်းနက်၊ ဆန်မှုန့်၊ အခြားလယ်ယာထွက်ပစ္စည်းများ၊ သတ္တုနှင့် သတ္တုရိုင်းများ၊ အခြားသတ္တုတွင်းထွက်ပစ္စည်းများ၊ ကဏန်းနှင့် ငါးရှဉ့်တို့ လျော့နည်းတင်ပို့ခဲ့ခြင်းကြောင့်ဖြစ် သည်။ သွင်းကုန်ပိုင်းတွင် မော်တော်ဆိုင်ကယ် နှင့် မော်တော် ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်‌‌ရေးပစ္စည်းများ၊ ဝါယာကြိုးများ၊ အင်ဂျင်များ၊  သတ္တုကုန်ချောဆောက်လုပ်ရေးပစ္စည်းများ၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ၊ စက်ဘီးအပိုပစ္စည်းများနှင့် အခြားပစ္စည်းများ တင်သွင်းမှုလျော့နည်းခဲ့သည်။ 
အိမ့် (DOT)