Main menu

Background

ဒီတစ်ပတ် မြေသြဇာတန်ချိန် ၇၀၀၀ နီးပါးဝင်

Fri, 12/30/2016 - 12:07 -- journal_editor

   နိုဝင်ဘာ ၁၁ ရက် မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၇၁၇၃၆၅ တန်ဖိုးရှိ မြေသြဇာ ၆၈၈၁ ဒသမ  ၇၉၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်နိုင်ငံမှ ၄၆၅၉ ဒသမ ၉၉၆ တန်၊ ဂျာမနီနိုင်ငံမှ ၁၁၇၅ တန်၊ ဗီယက်နမ်နိုင်ငံမှ ၆၁၅ တန်၊ စင်ကာပူမှ တန် ချိန် ၃၀၀၊ ထိုင်းနိုင်ငံမှ ၅၂ တန်၊ နယ်သာလန်နိုင်ငံမှ ၄၄ တန်၊  ဂျပန်နိုင်ငံမှ ၂၇ တန်၊  ဂရိနိုင်ငံမှ ၇ဒသမ၂၀ တန်နဲ့ တောင်အာဖရိ ကနိုင်ငံမှ ၁ဒသမ ၆၀တန် တင် သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ မဂ္ဂနီဆီယမ်ဆာ လဖိတ်၊ ဇင့်ဆာလဖိတ်၊ အမိုးနီးယမ်းဆာလဖိတ်၊ ရွှေနဂါးတော့(ပ်)ဝမ်းမြေသြဇာ၊ ကွန်ပေါင်း၊ သြဂဲနစ်၊ ပိုတက်၊ ေ ရွှမြေသီးမြေသြဇာစသဖြင့်တင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခင်သီတင်းပတ် မြေသြဇာအဝင်မှာတန်ချိန် ၁၁၈၀၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၄၉၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)