Main menu

Background

တရုတ်လိုင်းဈေးမကိုက်၍ ထိန်းဝယ် စပါးသစ်ဈေးပေါ်ချိန် နီးလာခြင်းများကြောင့် ဆန်ကြမ်းဈေးတွေပြန်ကျ

Tue, 09/23/2014 - 13:16 -- ydnar

 

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၁၉ရက်နေ့လက်ကားဆန်ဈေးအရ ဖျာပုံပေါ်ဆန်း ထိပ်စ တစ်အိတ်ကို ၃၄၅၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စ တစ်အိတ်ကို ၃၀၀၀၀ ကျပ်၊ ထိပ်စ တစ် အိတ်ကို ၃၃၀၀၀ ကျပ်အသီးသီးဖြစ်ခဲ့ လို့ ယခင်အပတ်ထက် တစ်အိတ်ကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်း ဈေး တက်ခဲ့တာ တွေ့ရပါတယ်။ အလားတူ ပေါ်ကျွဲလတ်စ တစ်အိတ်ကို ၂၄၅၀၀ ကျပ်၊ ထိပ်စတစ်အိတ်ကို ၂၅၅၀၀ ကျပ် ဖြစ်ခဲ့ကြလို့ယခင်အပတ်ထက်၂၀၀ကျပ် မှ ၇၀၀ ကျပ်အတွင်း ဈေးတက်ခဲ့တာ တွေ့ရပါတယ်။

ဆန်ချော စပါးသစ်ပေါ်ရန် လို သေးခြင်း၊ ပြည်တွင်းဈေးကွက်မှာ ဆန်ချောကို အဓိကစားသုံးလာနေကြ ပြီး ဝယ်လိုအားရှိနေခြင်းများကြောင့် ဆန်ချောဈေး ဆက်တက်ခဲ့ရတာ ဖြစ် ကြောင်း၊ ဒါပေမဲ့ ဧည့်မထထိပ်စ တစ် အိတ်ကို ၁၈၅၀၀ကျပ်၊ မိုးသုခ တစ်အိတ်ကို ၁၉၃၀၀ကျပ်၊ ဆင်းသွယ်လတ်တစ်အိတ်ကို ၂၀၂၀၀ ကျပ် ၊ နွေဆန်ဈေးနှုန်း တစ်အိတ်ကို ၁၆၀၀၀ ကျပ်- ၁၇၀၀၀ ကျပ်အသီးသီးဖြစ်ခဲ့ကြ လို့ ယခင်အပတ်ထက် တစ်အိတ်ကို ၂၀၀ ကျပ်မှ ၈၀၀ ကျပ်အတွင်း ဈေး ဆက်ကျလာတာတွေ့ရပါတယ်။တရုတ်လိုင်းအတွက်ဈေးမကိုက်၍ ထိန်း ဝယ်နေ ခြင်း၊ဆန်သစ်ပေါ်ချိန် နီးနေခြင်းများ ကြောင့်ဆန်ကြမ်းထိပ်စ၊ရှယ်စတွေဈေး ပြန်ကျနေရတာဖြ စ်ကြောင်း ၊ အောက်တိုဘာလလယ်ခန့်မှာကောက်စောစပါး၊ ဆန်စပေါ်လာနိုင်ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ သိရပါ တယ်။
ရန်ကုန်ဈေးကွက်အတွင်း ဧည့် မထ ၂၅ မှတ် (ပြည်ပ) ဆန် တစ် အိတ် ၅၀ ကီလိုကို ၁၅၃၀၀ ကျပ်ခန့် ရှိနေပြီး ယခင်အပတ်ထက်တစ်အိတ်ကို၅၀၀ကျပ်ခန့်ဈေးကျလာကြောင်း၊ရန်ကုန်FOBသင်္ဘောတင်ရန်ရှိသော်လည်းဝေးနေေ  သးလို့ ဈေးစောင့် ဝယ်နေခြင်း ကြောင့်ဆန်ကြမ်း ၂၅ မှတ်တွေ ဈေးပြန် ကျလာရတာဖြစ် တယ်လို့သိရပါ တယ်။
တရုတ်လိုင်းမူဆယ်မှာ စက်တင် ဘာ ၁၉ ရက်နေ့ ဈေးနှုန်းများအရ ဧည့် မထ ၅ မှတ်၊ နွေရှယ် တစ်အိတ်ကို ၁၄၂-၁၄၄ ယွမ်၊ ဧည့်မထ ၁၀မှတ် နွေ ရှယ်တစ်အိတ်ကို ၁၃၅-၁၃၉ ယွမ်၊ ဧည့်မထ ၁၅ မှတ် (၇၄၇) တစ်အိတ်ကို ၁၃၆-၁၄၀ ယွမ်၊ ဧည့်မထ ၂၀မှတ် (၇၄၇) တစ်အိတ်ကို ၁၃၂- ၁၃၅ ယွမ်၊ ငစိန်၁၅ မှတ် တစ်အိတ်ကို ၁၃၁-၁၃၃ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၂၉-၁၃၀ ယွမ် အသီးသီးဖြစ်ခဲ့ကြလို့ ယခင် သီတင်းပတ်ထက်တစ်အိတ်ကို ၂ ယွမ်မှ ၆ ယွမ်အတွင်းဈေးကျခဲ့ကြောင်း၊ ယနေ့ မူဆယ်ရှိ ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၆၀ဒသမ ၆၄ ကျပ် ဖြစ်ခဲ့လို့ ယခင် သီတင်းပတ်ထက် ၁ ဒသမ ၆၄ ကျပ် ဈေးဆက်တက်ခဲ့ကြောင်း၊တရုတ်ဘက် မှာ စပါးသစ်ပေါ်နေခြင်းနှ င့် ငွေလဲ နှုန်း မြင့်နေသဖြင့်တရုတ်ဘက်မှ ဆန်ဈေးချ ဝယ်နေသည့်အတွက် ဈေးမကိုက်ဘဲ ယခုအပတ်မူဆယ်မှာ အရောင်းအဝယ် အေးသွားကြောင်း၊ ယခုသီတင်းပတ် အတွင်း မူဆယ်သို့ပြည်တွင်း နယ်စုံမှ ဆန်တန်ချိန် ၂၀၇၀၀ ခန့်ဝင် ရောက်ခဲ့ပြီးယခင်သီတင်းပတ်ထက်တန်ချိန်၄၉၀၀ ခန့် လျော့နည်းဝင်ရောက်ခဲ့ ကြောင်း၊ ရန်ကုန်- မူဆယ် ဆန်တင် ဆောင်ခမှာ ဈေးတစ်တန်ကို ၇၉၀၀၀ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်အပတ် ဈေးနှုန်းအတိုင်းပြောင်းလဲမှု မ ရှိကြောင်း၊မူဆယ်ဆန်ဈေးကွက် ရှေ့အလားအလာမှာတရုတ်တွင်စပါးသစ်ပေါ်ချိန်ဈေးဆက် အေးနိုင်တယ်လို့ ကြား သိရပါ တယ်။
မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပ တင် ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက် နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့ထိ တန်ချိန် ၆၅၈၀၀၀ ကျော်ခန့်ရှိပြီး၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၄၃ သန်း ခန့်ရရှိနေကာ ယခင်ဘဏ္ဍာနှစ် ကာလ တူထက် တန်ချိန် ၂၃၇၀၀၀ ခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၁ သန်းခန့်ပိုမို တင်ပို့ထားနိုင်တာ တွေ့ရပါတယ်။ ဆန် ဈေးကွက် ရှေ့အလားအလာအနေဖြင့် ဆန်ချောဈေးအမြင့်မှာ ဆက်တန်းနေ နိုင်သော်လည်း မူဆယ်ဆန်ဈေး ကွက် အေးခြင်း၊ စပါးသစ်ပေါ်ချိန်နီးလာခြင်း နှင့် နယ်လက်ကျန် စပါးဟောင်းများ တွန်းကြိတ်ပြီး ပို့နေခြင်းများကြောင့် ဆန်ကြမ်းဈေးဆက်အေးနိုင်တယ်လို့ ဆန်ဈေးကွက်မှ သိရှိတင်ပြလိုက်ရပါ တယ်။