Main menu

Background

ပြည်ပဲပုပ်ဈေးငြိမ်ပြီး လှောင်လက်သမားအချို့ဝယ်ယူလျက်ရှိ

Thu, 02/19/2015 - 18:06 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

        ပြည်ပဲပုပ်ဈေးနှုန်းအနေဖြင့် လဆန်းမှာ ဈေးပြန်မြင့်တက်လာပေမယ့် ယခုတစ်ပတ်မှာတော့ ၎င်းင်းဈေးအတိုင်း ဈေးငြိမ် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲအဝင်ပါးသွားလို့ အိတ် ၁၀၀ ခန့်သာ အဝင်ရှိပြီး လှောင်လက်သမား အချို့ ဝယ်ယူနေ တာကို တွေ့ရပါတယ်။
      ယခင်နှစ် ဖေဖော်ဝါရီလအတွင်းက ပဲပုပ်ဈေးမှာ ၁၉၇၀၀ ကျပ်ရရှိခဲ့တာကြောင့် ယခုနှစ်ဈေးကတော့ ယခင်လများ နှင့်ယှဉ်ရင် ၁၆၀၀၀ ကျပ်ခန့်သို့ ဈေးမြင့်တက်လာတယ်ဆိုသော်လည်း ယခင်နှစ်ဈေးကို မမီခဲ့တဲ့အတွက် တချို့တောင်သူတွေက ထွက်ရှိသမျှပဲအားလုံးကို ထုတ်ရောင်းချမှုမရှိသေးဘဲ ဆက်လက်သိုလှောင်ထားတယ်လို့ သိရပါတယ်။  လက်လီသမားများကတော့ နေ့စဉ်အဝယ်ရှိနေတဲ့ အရောင်း အဝယ်ဖြစ်မှု ပုံမှန်ဖြစ်ခဲ့ပါတယ်။                                                     
         ခင်ဆွေဝင်း-ပြည်