Main menu

Background

နနွင်းတင်ပို့မှုအခြေအနေ (၁၁-၁၀-၂၀၂၀ မှ ၁၇-၁၀-၂၀၂၀)

Thu, 10/22/2020 - 14:06 -- journal_editor

အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း နနွင်း ၈၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှတင်ပို့ခဲ့သည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ တန်ချိန် ၇၀ နှင့် မလေးရှားနိုင်ငံသို့ ၁၆ တန် တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ အများဆုံး တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်က နနွင်းတန်ချိန် ၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် နနွင်း၃၆ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ နနွင်းတစ်တန်ပျမ်းမျှအမေရိကန်ဒေါ်လာ ၅၅၀ ဒေါ်လာ၀န်းကျင်ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် နနွင်းတင်ပို့မှ စုစုပေါင်းအမေရိကန်ဒေါ်လာ၄၇၈၀၀ ဒေါ်လာရရှိခဲ့သည်။