Main menu

Background

မော်လမြိုင်ကုန်စည်ဒိုင်တွင် ရော်ဘာ၊ မတ်ပဲနှင့် ပဲပုတ်ဈေးကျလာပြီး ဆန်ဟောင်းနေရာ ဆန်သစ်များအစားထိုးဝင်ရောက်

Tue, 11/24/2020 - 16:07 -- journal_editor

၂၀၂၀ နိုဝင်ဘာ ၂၃ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၅၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%) ဆန်(သစ်)တစ်အိတ် ဈေးနှုန်း မှာ ဧည့်မထ ကျပ် ၂၃၀၀၀၊ ပေါ်ဆန်း ကျပ် ၃၀၀၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ် ၃၃၈၀၀၊ ပဲလွန်းဖြူ ကျပ် ၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၂၀၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင် လက္ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန်တစ်ပိဿာ(အလတ်စ)ဈေးနှုန်းမှာ ငါးဒန် ကျပ် ၂၄၀၀၊ ငါးမြစ်ချင်း ကျပ် ၃၀၀၀၊ ငါးဖားမ ကျပ် ၂၂၀၀၊ တီလားဗီးရား ကျပ် ၃၅၀၀၊ ငါးပုတ်သင် ကျပ် ၄၀၀၀၊ ငါးပုဏ္ဏား(ထီး) ကျပ် ၈၀၀၀၊ ကကတစ် ကျပ် ၈၀၀၀၊ ငါးသလောက်(အာနီ) ကျပ် ၁၅၀၀၀၊ ကင်းမွန်ကျပ် ၅၅၀၀ မှ ၈၅၀၀၊ ပုဇွန်ပျော့ ကျပ် ၁၇၀၀၀ မှ ၂၂၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း) ကျပ် ၂၅၀၀၀ မှ ၃၈၀၀၀၊ ဂဏန်း(ပန်း) ကျပ် ၃၅၀၀ မှ ၇၀၀၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက R.S.S-3 ရာဘာတစ်ပေါင်(၂၀)ကျပ်၊ မတ်ပဲတစ်တင်း (၁၆၀၀)ကျပ်နှင့် ပဲပုတ်တစ်တင်း(၄၀၀)ကျပ်  ဈေးနှုန်းကျဆင်းနေပြီး ဈေးကွက်အတွင်းရှိ ဆန် ဟောင်းများနေရာတွင် ဆန်သစ်များ အစားထိုး လာကြောင်း၊ သစ်သီးဝလံများ ဈေးနှုန်းတည်ငြိမ်နေ ကြောင်း၊ ရေထွက်ကုန်များမှာ အရွယ်အစားနှင့်ဝယ်လိုအားပေါ်မူတည်၍ ဈေးနှုန်းအတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

 

ဝင်းမြတ်၊ ရာမညကုန်သွယ်မှုဗဟိုဌာန