Main menu

Background

အညာဒေသ၌သြဇာသီးလှိုင်လှိုင်ပေါ်နေပြီးအဝယ်လိုက်နေ။

Fri, 10/01/2021 - 10:35 -- journal_editor

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ရေနံချောင်းမြို့နယ်နှင့်မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ထွက်သြဇာသီးများလှိုင်လှိုင်ပေါ်နေပြီးအရောင်းအဝယ်လိုက်နေ ကြောင်းသစ်သီးဝလံဈေးကွက်မှသိရသည်။

"သြဂုတ်လနောက်ဆုံးရက်သတ္တပတ်ကစတင်ပြီးသြဇာသီးတွေအသစ်ပေါ်နေပြီး ရာသီစာအဖြစ်ရောင်းကြသည်။ သြဇာသီးကို ထုတ်ပိုးရာတွင်လည်း အဆင်ပြေသလို သြဇာသီးကို ဝါးနှီးတောင်း များတွင်အသီး၏ အနေအထား ပေါ်မူတည်ပြီးနှီးတောင်းတစ်လုံးလျင်သြဇာသီးလေးဆယ်ကနေငါးဆယ်ဝန်းကျင်ထည့်ပါသည်"ဟုနတ်မောက်မြို့နယ်မှသြဇာသီးတင်ပို့ရောင်းချသူအမျိူးသမီးတစ်ဦးကပြောသည်။

ရေနံချောင်းမြို့သစ်သီးဝလံဈေးကွက်၌သြဇာသီးအကြီးတစ်လုံးလျင်ငွေကျပ်၂၀၀ကနေ သြဇာသီးအလတ်တစ်လုံးလျင်ငွေကျပ်၁၅၀ သြဇာသီးအသေး တစ်လုံးလျင် ငွေကျပ် ၁၀၀ ဝန်းကျင်ပေါက်ဈေး ရှိကြောင်း လှိုင်လှိုင်ဝင် ရောက် နေကြောင်းသစ်သီးဝလံဈေးကွက်မှသိရသည်။

အညာဒေသဒေသကျောက်ပန်းတောင်းမြို့နယ်နတ်မောက်မြို့နယ်၊ရေနံချောင်းမြို့နယ်တွင် သြဇာပင်ခြံစည်းရိုးများ၌လည်းကောင်းယာမြေစည်းရိုးများ၌လည်းကောင်းစိုက်ပျိူးကြ ကြောင်းသိရသည်။

 

ဆန်းညွန့်ရေနံချောင်း

ဦးဆန်းညွန့်သတင်းထာက်

မကျည်းလေးပင်ရပ်ရေနံချောင်းမြို့

ဖုံး၀၉၈၈၉၈၈၀၉၁