Main menu

Background

ဆောင်းရာသီသီးနှံအဖြစ်မြေပဲဧက၁၇၀၀ကျော်စိုက်မည်

Fri, 10/01/2021 - 10:36 -- journal_editor

မကွေးတိုင်းဒေသကြီးမကွေးခရိုင်ရေနံချောင်းမြို့နယ်၌ဆောင်းသီးနှံ၁၇၄၂ဧကလျာထားစိုက်ပျိူးသွားမည်ဖြစ်ကြောင်းရေနံချောင်းမြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှသိရသည်။

ယခုနှစ်မိုးရာသီသီးနှံမြေပဲ၅၃၀၈၈ဧကလျာထားစိုက်ပျိူးမည့်အပြင်ဆောင်းသီးနှံမြေပဲ၁၇၄၂ဧကကိုလျာထားစိုက်ပျိူးမည်ဖြစ်ပြီး၁၇၄၂ဧက၏ထွက်နှုံးမှာတင်း၅၀ဒသမ၅၀လျာထားပြီးစုစုပေါင်းထွက်နှုံးလျာထားချက်တင်း၈၇၃၉၇၁၊ဖြစ်ကြောင်းရေနံချောင်း ချောက်မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန၏ဆောင်းသီးနှံလျာထားချက်အရသိရသည်။

ဒေသခံတောင်သူများသည်မြေပဲတစ်တင်းလျင်ငွေကျပ်၁၂၀၀၀၊ဝန်းကျင်ရရှိပြီးမြေပဲဆီဆံတစ်ပိသာငွေကျပ်၂၄၀၀ဝန်းကျင်ရရှိကြောင်းတစ်ပိုင်တစ်နိုင်အဖြစ်မြေပဲဆန်ကိုဆီကြိတ်ရောင်းပါဆီတစ်ပိသာငွေကျပ်၆၀၀၀၊ရောင်းရသောကြောင့်မြေပဲကိုအထိကစိုက်ပျိူးကြကြောင်း တောင်သူဦးသန်းထိုက်ထံမှသိရသည်။

ရွှေဇင်

ဦးဆန်းညွန့်သတင်းထာက်

မကျည်းလေးပင်ရပ်ရေနံချောင်းမြို့

ဖုံး၀၉၉၈၈၈၉၈၈၀၉၁