Main menu

Background

စိုက်ပျိူးချိန်နီးလာသော်လည်းကြက်သွန်နီဥပျံပျိူးဈေးငြိမ်နေ။

Fri, 10/01/2021 - 10:38 -- journal_editor

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်သည်ကြက်သွန်နီကိုဥပျံစိုက်ကြက်သွန်နီခေါ်ကိုင်းမြေမြေနုစိုက်နှင့်ပျိူးပင်စိုက်ကြက်သွန်နီခေါ်ချောင်းကြက်သွန်နီတို့ကိုထိကစိုက်ပျိူးကြသည်။

ဥပျံစိုက်ကြက်နီကိုနိုဝင်ဘာလ၊ဒီဇင်ဘာလတွင်ကိုင်းမြေနှင့်ချောင်းမြေနုများ၌စိုက်ပျိူးကြကြောင်းယခုနှစ်ဆောင်းရာသီ၌မိုးရေကိုအထိကထားပြီးယာမြေများမှာပဲအမျိူးမျိူးအားထားစိုက်ခဲ့သည့်တောင်သူအချိူ့ပင်မြေအောက်အဝီစိတွင်းတူး၍ရေယူကာကြက်သွန်နီကိုဆောင်းရာသီ၌စမ်းသပ်၍စိုက်လာကြကြောင်းဝင်ငွေရကြောင်းသိရသည်။

ပျိူးဈေးကွက်အနေအထားအရနှစ်စဉ်စက်တင်ဘာလမှစ၍ဥပျံဝယ်လိုအားအရောင်းအဝယ်စတင်ချိန်ဖြစ်သော်လည်းလက်ရှိအရောင်းအဝယ်အေးနေကြောင်းဒေသခံတောင်သူတစ်ဦးထံကသိရသည်။

လက်ရှိကြက်သွန်နီလက်လီတစ်ပိသာငွေကျပ်၄၀၀ဝန်းကျင်သာရှိပြီးကြက်သွန်နီဥလတ်များမှာတစ်ပိသာငွေကျပ်၃၅၀၊သုံးပိသာဝယ်လျင်ငွေကျပ်၁၀၀၀၊ဖြင့်ရပ်ကွက်များအတွင်းခေါင်းရွက်ဗျတ်ထိုးနှင့်လှည်လည်ရောင်းချကြသည်ကိုတွေ့ရပြီးကြက်သွန်နီဈေးအေးနေသောကြောင့်စိုက်ပျိူးမည့်ဥပျံဈေးကျွဲကူးရေပါဖြစ်နေကြောင်းဒေသခံဈေးကွက်မှစုံစမ်းသိရှိရသည်။

ရေနံချောင်းမြိုနယ်တွင်နှစ်စဉ်ကြက်သွန်နီစိုက်ဧကသုံးထောင်ကျော်ရှိကြောင်းမြို့နယ်စိုက် ပျိူးရေးဦးစီးဌာနစာရင်းများအရသိရသည်။

ဆန်းညွန့်ရေနံချောင်း

ဦးဆန်းညွန့်သတင်းထာက်

မကျည်းလေးပင်ရပ်ရေနံချောင်းမြို့

ဖုံး၀၉၉၈၈၉၈၈၀၉၁