Main menu

Background

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့၌ကြက်သွန်နီစျေး စျေးတက်နေ

Wed, 10/06/2021 - 10:18 -- journal_editor

ရေနံချောင်း၊အောက်တိုဘာ(၄)။

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့၌ကြက်သွန်နီစျေးစျေးတက်နေကြောင်းဒေသခံစျေးကွက်မှစုံစမ်းသိရှိရသည်။ လက်ရှိရေနံချောင်းမြို့မစျေး၊ပျံကျစျေးမှာကြက်သွန်နီတစ်ပိသာငွေကျပ်၇၀၀၊ ရောင်းရပြီး ယခင်ရက်များတွင် ကြက်သွန်စျေးမှာ တစ်ပိသာလျင်ငွေကျပ်၄ဝဝသာရှိသည်။ ကြက်သွန်စျေးမှာ အသစ်ပေါ်ကာလဧပြီလမှ စ၍စျေးအေးနေခဲ့သည်ဟုကြက်သွန်နီလက်လီ ရောင်းသူတစ်ဦးမှပြောသည်။ တောင်သူများမှာ ကြက်သွန်စျေးနှုန်း အပြောင်း အလည်းဖြစ်၍ မကြာမှီစိုက်မည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်အတွက် အနည်းငယ်ရရှိနိုင်ကြောင်းသိရသည်။ ရေနံချောင်းမြို့နယ်တွင် ကြက်သွန်ကိုကိုင်းမြေများတွင် ဥပျံကြက်သွန်ကိုလည်းကောင်း ချောင်းမြေနုများ၌ အပင်စိုက်ကြက်သွန်များကို အဓိကစိုက်ပျိူးသည့်ဒေသဖြစ်ပြီး မြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏နှစ်စဉ်စိုက်ပျိူးထုတ်လုပ်မှုစာရင်းအရဧကသုံးထောင်ကျော်ရှိကြောင်းသိရသည်။

ဆန်းညွန့်ရေနံချောင်း

ဦးဆန်းညွန့်သတင်းထောက်

မကျည်းလေးပင်ရပ်ရေနံချောင်းမြို့

ဖုန်း-ဝ၉၉၈၈၉၈၈၀၉၁