Main menu

Background

 မကွေးတိုင်းဒေသကြီးတွင် နှမ်းစိုက်တောင်သူများ စျေးကောင်းရနေ

Thu, 10/13/2022 - 11:07 -- journal_editor

မကွေးတိုင်းဒေသကြီးတွင် နှမ်းစိုက်တောင်သူများ ဈေးကောင်းရနေမကွေးတိုင်းဒေသကြီးမှ နှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချရာ ရန်ကုန်နှင့် မန္တလေးတို့မှ ပို့ကုန်သမားများ လာရောက်ဝယ်ယူကြ၍     G.A.P  နှမ်းစိုက်တောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် တောင်သူအစုအဖွဲ့များ ပူးပေါင်းဆောင် ရွက်သော နှမ်းသီးနှံ စုပေါင်းရောင်းချပွဲကို သြဂုတ် ၁၅  ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ရောင်းချရာ နှမ်းမျိုးစုံ တန်ချိန် ၁၂၆၈ တန်ကျော် စုပေါင်းရောင်းချကြောင်း၊ ထိုသို့ နှမ်းသီးနှံစုပေါင်း ရောင်းချပွဲသို့ ရန်ကုန်နှင့် မန္တလေးတို့မှ နှမ်းပို့ကုန်သမားများ လာရောက်ဝယ်ယူကြကြောင်း၊   G.A.P  စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သော နှမ်းမျိုးများမှာ ဈေးအနည်းငယ်ပိုမိုရရှိကြောင်း၊ ဆက်လက်ပြီး    G.A.P နှမ်းသီးနှံကိုလည်း ပိုမိုစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ လက်ရှိနှမ်းနက်ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀၊ နှမ်းဖြူ တစ် တင်းလျှင် ကျပ် ၉၆၀ဝ၀ ဈေးရှိကြောင်း၊ နှမ်းစတင်ရောင်းချချိန်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ကျော်သာ ရောင်းချရပြီး သြဂုတ်၂၅ရက်တွင် ဈေးစတင်တက်လာ၍ စက်တင်ဘာ ၃၀ရက်တွင် သုံးတင်း တစ်အိတ်လျှင် ကျပ် ၃၄၈၀ဝ၀ ထိ ဈေးကောင်းရရှိကြောင်း၊ မန္တလေးပွဲရုံဈေးကွက်နှင့်ယှဉ်လျှင် ဈေးကောင်း ရရှိကြောင်း ၊ မကွေးတိုင်းဒေသကြီး တောင်သူ ဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် ရန်ကုန်နှင့် မန္တလေး ပို့ကုန်သမား ငါးဦးအား ဖိတ်ခေါ်ပြီး စုပေါင်းရောင်းချကြကြောင်း၊ နောက်စုပေါင်း ရောင်းချပွဲများတွင် နှမ်းသီးနှံအပြင် မြေပဲ ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ၊ စားတော်ပဲတို့ တိုးချဲ့ရောင်းချသွားမည်ဖြစ်သည်။                           

ဝင်းထွန်း