Main menu

Background

ယခုတစ်ပတ်အတွင်း ရော်ဘာနှင့်ပြောင်းတင်ပို့မှု အခြေအနေ

Tue, 11/01/2022 - 15:15 -- journal_editor

အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်ထိ  ကာလအတွင်း   ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၃၁ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၀ဝ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ခဲ့သည်။
ယခုတစ်ပတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမဝ၅၅ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန်၁၅၄၀တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့်တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့   ရော်ဘာတန်ချိန် ၁၄၉၀ ကျော်နှင့်  ထိုင်းနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၅ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။    နည်းလမ်း နှစ်သွယ်မှ ရော်ဘာတင်ပို့မှု   စုစုပေါင်းတန်ချိန် ၁၇၄၀ တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈၆ သန်းရရှိခဲ့သည်ဟု သိရသည်။
ယခင်တစ်ပတ်   တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၁၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်ထိ ကာလ အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၈၈သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၄၉၆၀ဝ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။
တင်ပို့မှုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့   ပြောင်းတန်ချိန် ၃၃၆၅၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၃၁၅၀၊ ဘင်္ဂလားဒေရှ့်နိုင်ငံသို့   ပြောင်း တန်ချိန် ၂၇၀ဝ နှင့် မလေးရှားနိုင်ငံသို့   ပြောင်းတန်ချိန် ၁၂၂ တင်ပို့ခဲ့ ကြောင်းသိရသည်။                            အေးအေးသန့်(DOT)