Main menu

Background

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တန်ချိန် ခြောက်သောင်းကျော် တင်ပို့

Wed, 11/02/2022 - 15:47 -- journal_editor

အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆၁၄ သန်း တန်ဖိုးရှိ  ဆန်တန်ချိန် ၃၅၅၀ဝ ကျော် တင်ပို့ခဲ့သည်။ ယခုသီတင်းပတ်အတွင်း တင်ပို့မှုများမှာ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၂၆၀၉၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၉၄၁၀ ကျော် တင်ပို့ခဲ့သည်။ယခုတစ်ပတ် ဆန်တင်ပို့မှုအနေဖြင့်ဥရောပနိုင်ငံများ ဖြစ်သော စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၇၃၀ ၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၀၅၀ဝ၊  ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ဝ၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၇၉ တန်နီးပါး စလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၃၈၀ ကျော်၊ အင်္ဂလန်နိုင်ငံသို့ ဆန်တန်ချိန်  ၂၅၀ နှင့် ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ ကျော် တင်ပို့ခဲ့သည်။ အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံ သို့ ဆန်တန်ချိန်၄၉၂၀ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၃၈၄၀ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၄၀ဝ နှင့် မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ တင်ပို့ခဲ့သည်။ယခုတစ်ပတ် မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၅ သန်း တန်ဖိုးရှိ ဆန် တန်ချိန် ၇၃၀ ကျော် တင်ပို့ခဲ့သည်။ လမ်းကြောင်းနှစ်သွယ်မှ ဆန်တင်ပို့မှုစုစုပေါင်းတန်ချိန် ၃၆၂၃၀ နှင့် ဆန်တင်ပို့ခြင်းမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၈၉ သန်း ရရှိခဲ့သည်။အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန်  ၂၄၅၈၀ ကျော်တင်ပို့ခဲ့ပြီး  အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၁၁ သန်း ရရှိခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၈၆၀၊ စင်ကာပူနိုင်ငံသို့  ဆန်ကွဲ ၂၆ တန်၊ ဘယ်လ်ဂျီယံနိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၂၁၄၅၀ နှင့် ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀ တင်ပို့နိုင်ခဲ့သည်။ယခုတစ်ပတ် မြန်မာ-တရုတ်   နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ဆန်ကွဲတန် ချိန် ၃၁၁၀ ကျော်  တင်ပို့ခဲ့သည်။ လမ်းကြောင်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၂၇၇၀ဝနှင့် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၉ ဒသမ ၅၃၃ သန်းရရှိခဲ့သည်။ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တန်ချိန်စုစုပေါင်း ၆၃၉၃၀ တင်ပို့ခြင်းမှ တန်ဖိုး  အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၄၂၂ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ်  တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၂၅၀ဝ၀ ကျော် ပိုမိုခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၇ သန်း ပိုမိုရရှိခဲ့ကြောင်း သိရသည်။
အေးအေးသန့် (DOT)