Main menu

Background

အောင်မြင်ဖြစ်ထွန်းလျက်ရှိသော မိုးစပါး

Wed, 11/02/2022 - 16:00 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင်တွင် မိုးစပါး စိုက်ဧက ၁၄၃၇၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရသည်။ မိုးရေ၊ မြစ်ရေ၊ ချောင်းရေ  လုံလောက်စွာရရှိသောကြောင့်  မိုးစပါးများ ကောင်း မွန် စွာအောင်မြင်ဖြစ်ထွန်း လျက်ရှိသည်။ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးကိုအရည်အသွေး ကောင်း၊ဈေးကောင်းရရှိသော   ဧရာ ပဒေသာစပါးမျိုးကို အဓိကထား  စိုက် ပျိုးပြီး မနောသုခ၊   ရေဆင်းလုံးသွယ်၊ ရွှေမနော်၊   ရွှေသွယ်ရင်  စပါးမျိုးများ လည်း စိုက်ပျိုးကြကြောင်း၊ စပါးစိုက်ပျိုး ရာတွင် ပက်ကြဲစနစ်သည်  ကုန်ကျစရိတ် သက်သာသောကြောင့် တောင်သူအများစုမှာပက်ကြဲစနစ်ကို အများဆုံးစိုက်ပျိုးလာကြကြောင်းသိရသည်။ မိုးစပါး တစ်ဧကလျှင်စိုက်ပျိုး စရိတ်ကျပ်‌လေးသိန်းမှငါးသိန်းဝန်းကျင် ခန့်ရှိကြောင်း၊ ယခုအချိန်တွင် မိုးစပါး များထွက်ပေါ်ခြင်း မရှိသေးသော်လည်း ယခုလက်ရှိ   ဧရာပဒေသာ   စပါးတင်း ၁၀ဝ လျှင်   ကျပ် ၁၅ သိန်း၊   မနောသုခ စပါးတင်း  ၁၀ဝ လျှင် ကျပ် ၁၃၅၀ဝ၀ဝ ဖြစ်ပြီး ဧရာပဒေသာဆန် တစ်တင်းခွဲ အိတ်တစ်အိတ်လျှင်၆၅၀ဝ၀  ကျပ်၊ မနောသုခဆန် တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ၄၇၀ဝ၀ ကျပ် ဈေးနှုန်းများ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းကုန်သည်ပွဲစားများထံမှ သိရှိရ သည်။
နှင်းလဲ့လဲ့
(ကျောက်ဆည်)