အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လတာကာလ အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ဝ၃၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၀၂၅၂၀ ကျော် တင်ပို့ခဲ့သည်။ အောက်တိုဘာလအတွင်း ဆန်အများ ဆုံး တင်ပို့သော နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၃၆၀ဝ၀၊တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၀ဝ၀ကျော်၊ ဖိလစ် ပိုင်နိုင်ငံသို့ တန်ချိန် ၈၆၉၀၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၂၃၆၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၆၀ဝ ခန့် တင် ပို့နိုင် ခဲ့ပြီး အီးယူနိုင်ငံများသို့တန်ချိန် ၄၂၈၀ဝ ကျော်တင်ပို့ခဲ့သည်။ဟောင်ကောင်နှင့် ထိုင်ဝမ်သို့လည်း တန်ချိန် အနည်းငယ်စီ တင်ပို့ခဲ့သည်။အောက်တိုဘာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်မှုစခန်းများမှ အမေရိကန် ဒေါ်လာ ၂ဒသမ ၇၆၀သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၇၅၀ဝ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့သည်။ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်တင်ပို့သည့် နိုင်ငံများသို့ ဆန်အပြင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၃၂ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၄၄၀ဝ၀ခန့်ကို အောက်တိုဘာလအတွင်းတင်ပို့ခဲ့သည်။အလားတူ မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိကုန်သွယ်ရေးစခန်းများမှလည်း အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၄၂၁ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၈၀ဝ၀ ကျော်ကို အောက် တိုဘာလအတွင်း တင်ပို့ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်မှ ဆန်ကွဲတန်ချိန် ၁၇၄၈၀ ခန့်နှင့် မြန်မာ -ထိုင်းနယ်စပ်မှ ဆန်ကွဲတန်ချိန် ၅၆၀ ကျော် တင်ပို့ခဲ့ သည်။အောက်တိုဘာလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်း လမ်း ကုန်သွယ်မှုများမှ ဆန်တန်ချိန် ၁၁၀ဝ၀ဝ ကျော်နှင့် ဆန်ကွဲတန်ချိန် ၆၂၀ဝ၀ တင်ပို့ခဲ့သောကြောင့် ဆန် နှင့ ်ဆန်ကွဲတင်ပို့မှုမှာ စုစုပေါင်းတန်ချိန် ၁၇၂၀ဝ၀ ရှိကြောင်း သိရသည်။
CJ