Main menu

Background

စစ်ကိုင်းခရိုင်မှ စိုက်ပျိုးထွက်ရှိသော ချည်မျှင်ရှည်ဝါ

Mon, 11/28/2022 - 15:31 -- journal_editor

စစ်ကိုင်းခရိုင်တွင် ချည်မျှင်ရှည်ဝါ၊ချည်မျှင်တို(မလှိုင်ဝါ၊ ဝါကြီး)တို့ စိုက်ပျိုးကြသည်။ ဝါမျိုးစုံမျိုးကွဲအလိုက် မိုးကြို တွင် (ရွှေ-၈၊ ငွေ-၉)၊   မိုးတွင် (ငွေ-၆၊ ရွှေ-၈၊ ငွေ-၉) နှင့် မိုးနှောင်းတွင် (ငွေ-၆၊ ရွှေ-၈၊ ငွေ-၉) မျိုးများကို   စိုက်ပျိုး ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံ (ချည်မျှင်ရှည်ဝါ) လျာ ထားဧက ၃၉၈၁၂၊ အမှန်စိုက် ဧက ၄၀၁၈၆ ဖြစ်၍ (၁၁၀%) လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ 
ဝါသီးနှံ မျိုးစေ့ထုတ် စံပြကွက်ဧက ၃၁၅ ဧက စိုက်ပျိုး နိုင်ခဲ့ပြီး ဝါကောက်သိမ်းခြင်း (၃-၄) ကြိမ်ခန့်  ပြုလုပ်ပြီးဖြစ် ကြောင်း၊   အထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် ၅၅၀ ပိဿာခန့် ထွက်ရှိမည်ဟု ခန့်မှန်းကြောင်း၊ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု၏ တစ်ဧက ကုန်ကျစရိတ်အပေါ် ဝင်ငွေအနေဖြင့် တစ်ဧကအထွက်ပိဿာ ၅၀ဝ ကို အခြေခံ၍ တစ်ပိဿာရောင်း ဈေး၂၀ဝ၀ကျပ်ခန့် ဈေးနှုန်းထားတွက်လျှင် ကျပ် ၁၀သိန်းခန့် ဝင်ငွေရရှိပြီး တစ်ဧကကုန်ကျစရိတ် ကျပ်ငါးသိန်း ကုန်ကျ လျှင် ကျပ် ငါးသိန်းခန့် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
စိုက်ပျိုးထွက်ရှိသော ဝါများကို ကျေးရွာအရောက်ပွဲစား များက လာရောက်ဝယ်ယူ၍ ပြည်တွင်းသုံးပုဂ္ဂလိက အသေး စားလုပ်ငန်းရှင်များသို့ရောင်းချကြောင်း၊ ပြည်တွင်းသုံး ပုဂ္ဂလိ က  အသေးစားလုပ်ငန်းရှင်များအတွက် ဝါသီးသန့် ရောင်းချ ပြီး ပြည်ပဈေးကွက်အနေဖြင့်   တရုတ်ပြည်သို့ ပြည်တွင်း ဝါကြိတ်၍ ထွက်ရှိသော ဂွမ်းများကို  တင်ပို့ရောင်းချကြောင်း၊ ဝါနှင့်ဝါထွက်ပစ္စည်းဈေးနှုန်းများမှာ   နေ့အလိုက်  အတက် အကျ အပြောင်းအလဲရှိရာ  နိုဝင်ဘာ ၃ ရက်က တစ်ပိဿာ ပေါက်ဈေးနှုန်းများမှာ ဝါ  ကျပ် ၂၅၀ဝ၊ ဝါဂွမ်း ကျပ် ၆၀ဝ၀၊ ဝါစေ့ဆီ ကျပ် ၅၅၀ဝ၊ ဝါစေ့  ကျပ် ၁၀ဝ၀ နှင့် ဝါစေ့ဖတ် ကျပ် ၉၀ဝ အသီးသီးရှိကြောင်း   စစ်ကိုင်းမြို့နယ်  ကျောက်ဆည် ကျေးရွာမှ ဝါကြိတ်စက်လုပ်ငန်းရှင်   ဦးကျော်စိုးလွင်ထံမှ သိရသည်။               

ခင်စောဝင်း(စစ်ကိုင်း)