Main menu

Background

ဒေသထွက်မြေထောက်ပဲများ ဈေးကောင်းရပြီး ဈေးကွက်သို့ တင်ပို့လျက်ရှိ

Tue, 02/21/2023 - 12:00 -- journal_editor

ကသာခရိုင်တွင် စိုက်ပျိုးသည့် ပဲသီးနှံများတွင် မြေပဲ သည် အများဆုံးစိုက်ပျိုးသော  ပဲအမျိုးအစားဖြစ်ပြီး မြေ ထောက်ပဲသီးနှံမှာ ဒုတိယအများဆုံးစိုက်ပျိုးသော သီးနှံဖြစ် သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ခရိုင်အတွင်း မြေထောက်ပဲ စိုက်ဧက  ၄၀၅၉၁ ဧကရှိပြီး မြေထောက်ပဲသီးနှံကို အောက် တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းကြောင်း သိရသည်။ ယခုနှစ် မြေထောက်ပဲ စတင်ပေါ်ချိန် ဈေးကောင်းရပြီး ဈေးကွက်များ သို့ စတင်တင်ပို့လျက်ရှိကြောင်း သိရသည်။

ကသာခရိုင်တွင် ဧရာဝတီမြစ်ဝန်းတစ်လျှောက် မြေနု ကျွန်းများမှ စိုက်ပျိုးထွက်ရှိသော မြေထောက်ပဲများသည် လူ ကြိုက်များပြီး ဈေးကွက်ခိုင်မာသော ဒေသထွက်ကုန်ဖြစ်သည်။ မြေထောက်ပဲကို အစိုခူးဆွတ်ခြင်းနှင့် အခြောက်ခူးဆွတ် ခြင်းဟု နှစ်မျိုးတွေ့ရသည်။ အဆန်ထည့်ပြီး ရင့်သည်နှင့် အစို ခူးဆွတ်ပြီး  အတောင့်လိုက် ၁၀ ပိဿာ  ကျပ် ၁၅၀ဝ၀ ၊ အဆန်ထွင်ပြီး နို့ဆီဘူးတစ်ဘူး ကျပ် ၅၀ဝ ဖြင့် ဈေးကွက်တွင်း ရောင်းချကြသည်။

မြေထောက်ပဲသီးနှံ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ခြောက်သိန်းခန့်ရှိကြောင်း၊ ရိတ်သိမ်းချိန် တစ်ဧကအထွက် နှုန်း ပျမ်းမျှ အဆန်  ၁၆ တင်းခန့် ထွက်ရှိကြောင်းသိရသည်။ ယနေ့ မြေထောက်ပဲပေါက်ဈေးမှာ အထိုင်ဈေးတစ်တင်း  ကျပ် ၇၀ဝ၀ဝ၊  မန္တလေးဈေး တစ်တင်း ကျပ် ၈၀ဝ၀ဝ  ရှိသည့် အတွက် တစ်ဧကပေါ် အကျိုးအမြတ်  ကျပ် ၅၂၀ဝ၀ဝ ခန့်ရှိ သည်။ ဒေသတွင်း  လှောင်လက်အနည်းငယ်သာရှိသည်။ ဒေသထွက်မြေထောက်ပဲ အားလုံးနီးပါးမှာ အများအားဖြင့် မန္တလေးသို့ တင်ပို့ကြပြီး ဗန်းမော်မှတစ်ဆင့် တရုတ်နယ်စပ်သို့ တင်ပို့မှုရှိကြောင်းနှင့် ယခုလ သီးနှံပေါ်စတွင် နေ့စဉ် တင်း ၃၀ဝ၀ ကျော်ခန့် မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။

ကြည်နိုင်ဦး(အင်းတော်)