Main menu

Background

ပြည်ကုန်စည်ဒိုင် ပဲဈေးကွက်၌ ဈေးနှုန်းများမြင့်တက်

Tue, 03/28/2023 - 12:58 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့ တင်ပို့မှုရှိသော ပဲများမှာ အရောင်းသွက်လျက်ရှိပြီး  ပဲဈေးများမှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။ မတ်လအစမှစ၍ ပြည်ပပို့ကုန်ဈေးများ မြင့်လျက်ရှိကြောင်း သိရှိရသည်။

ပြည်ကုန်စည်ဒိုင်၏ မတ်လဒုတိယပတ်တွင် မတ်ပဲ ဈေးမြင့်လာပြီး ပဲတစ်တင်းကို ကျပ် ၆၄၀ဝ၀-၆၅၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ တတိယပတ်မှာ ထောပတ်ပဲ ဈေး ပိုတက်လာပြီး ပဲတစ်တင်းကို ကျပ် ၆၆၅၀ဝ-၆၇၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၄၀ဝ ခန့် ရန်ကုန်တင်ပို့မှု ရှိခဲ့သည်။

ပြည်ကုန်စည်ဒိုင်၌ မတ်လဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၇၁၅၀ဝ-၇၂၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၃၀ဝ ခန့် ရန်ကုန်အဝယ်ရှိခဲ့သည်။ မတ်လ တတိယပတ်တွင် ပဲစင်းငုံဈေးမြင့်တက်လာပြီး ပဲတစ်တင်းကို ကျပ် ၇၄၅၀ဝ- ၇၅၀ဝ၀ ဈေးဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀ဝ-၄၀ဝ ခန့် ရှိခဲ့သည်။

မတ်လဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ကျပ် ၇၃၀ဝ၀-၇၄၀ဝ၀၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ကျပ် ၇၃၀ဝ၀-၇၃၅၀ဝ ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၂၀ဝ-၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။ မတ်လ တတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ကျပ် ၇၄၀ဝ၀၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ကျပ် ၇၄၅၀ဝ-၇၅၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများ အဝယ်တစ်ရက်ကို ၄၀ဝ-၅၀ဝ ခန့် အဝယ်ရှိခဲ့သည်။

ပြည်ကုန်စည်ဒိုင်၏ မတ်လဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲကြီးတစ်တင်းလျှင် ကျပ် ၈၂၀ဝ၀-၈၃၀ဝ၀ ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိခဲ့သည်။ မတ်လ တတိယပတ်တွင် ပဲကြီးဈေးမြင့်တက်လာပြီး ပဲကြီး (ကုန်းချော) တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ-၈၂၀ဝ၀၊ ပဲကြီး (အာမဲ) တစ်တင်းကို  ကျပ် ၇၈၀ဝ၀ ဈေးဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀ဝ-၄၀ဝ ခန့် အဝယ်ရှိခဲ့သည်။

ပြည်ကုန်စည်ဒိုင်၏ မတ်လဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၁၁၀ဝ၀ဝ-၁၁၃၀ဝ၀ ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀ဝ ခန့်ရှိခဲ့သည်။ မတ်လ တတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ယခင်တစ်ပတ်ကအတိုင်း ဈေးအေးနေခဲ့ပြီး တစ်ရက်ကို အိတ် ၁၀ဝ ခန့် အဝယ်ရှိသည်။                                                      

မိမိအေး (ပြည်)